ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 23, 2012

ပြည်တော်ပြန်ကြမယ့် ထင်ရှားသူတချို့

ဓာတ်ပုံ- ကိုမီုးသီးဇွန်,ကိုထွန်းအောင်ကျော်

အခုတလော သမ္မတကြီးကလည်း ပြည်ပရောက် မြန်မာတွေ အနေနဲ့ တိုင်းပြည် ပြန်လည် ထူထောင်ရေး အတွက် တတတ် တအား ပါဝင်ဖို့ ပြည်တော် ပြန်လာကြဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်မှုတွေနဲ့ အတူ ပြည်ပရောက် မြန်မာ တွေကလည်း ပြည်ဝင်ခွင့်တွေ လျှောက်ထားခဲ့ကြပါတယ်။

တချို့လည်း ပြည်ဝင်ခွင့် ရလို့ တခေါက် ၂ ခေါက် အစရှိသဖြင့် သွားနေကြပါပြီ။

အခု နောက်ဆုံးရတဲ့ သတင်းကတော့ တချိန်က ABSDF ဥက္ကဌ ဟောင်းတွေ ဖြစ်ကြတဲ့ ကိုထွန်းအောင်ကျော်နဲ့ ကိုမိုးသီးဇွန် အပါအ၀င် အမေရိကန်ရောက် မြန်မာ တက်ကြွ လှုပ်ရှားသူ ၅ ဦးကို မြန်မာနိုင်ငံ ပြည်ဝင်ခွင့်တွေ ရကြတဲ့အကြောင်း အင်တာနက်မှာ သတင်းတွေ ပျံ့နှံ့နေပါတယ်။

ကာယကံရှင်များနဲ့ အဆက်အသွယ် လုပ်လို့ မရသေးလို့ အတည်ပြုချက်တော့ မရသေးပါဘူး။
မကြာသေးခင်ကပဲ ကိုမိုးသီးဇွန်နဲ့ ငြိမ်းချမ်းရေး သံတမန် ၀န်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ် က ပြောဆိုမှုတွေကို ပြည်တွင်း သတင်းဂျာနယ်တခုရဲ့ မျက်နှာဖုံးမှာ ဖော်ပြခံခဲ့ရပါသေးတယ်။

No comments:

Post a Comment