ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, February 29, 2012

မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများ လာရောက်မှုနှုန်း များပြားလာ


ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနဲ့ ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းက တာဝန်ရှိသူတွေရဲ့ ပြော ကြားချက်အရ အခုလက်ရှိမှာ မြန်မာနိုင်ငံကို
ပြည်ပခရီးသွား ၀င်ရောက်မှုနှုန်းဟာ များပြားလာတယ်လို့ သိရပါတယ်။ တာဝန်ရှိ သူတွေရဲ့ ပြောပြချက်အရ အခုလို ခရီးသွားလာမှုတွေ တိုးတက်လာတာဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ ပြောင်းလဲလာမှုနဲ့အတူ ကမ္ဘာ့နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် အမြင်ပြောင်းလဲ လာမှုတွေကြောင့် ဖြစ်တယ်လို့သိရပါတယ်။

အခုလို ပြည်တွင်းရဲ့ ပြောင်းလဲမှု တွေကြောင့် အနောက်ဥရောပ သမဂ္ဂနိုင်ငံ တွေကလည်း မြန်မာနိုင်ငံမှ အရေးကြီး ပုဂ္ဂိုလ်တွေကို အဆိုပါနိုင်ငံ တွေအတွင်း ပိတ်ပင်ထားတဲ့ ခရီးသွားလာမှုတွေကို အခုလ ၁၈ ရက်နေ့က စတင်ကာ ခွင့်ပြုလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို နိုင်ငံတကာ ပြောင်းလဲမှုတွေနဲ့ EU နိုင်ငံတွေရဲ့ ဆက်ဆံရေး ကောင်းမွန်လာ မှုကြောင့် မြန် မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း မှာ အကျိုးကျေးဇူးတွေ ရရှိလာပုံကို တာဝန်ရှိသူ တစ်ဦးက အခုလို ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာနဲ့ ဆက်ဆံရေးပိုမို ကောင်းမွန်လာမှုတွေေ ကြာင့် ပြောင်းလဲတိုးတက်မှု တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို ၂၀၁၀ ခုနှစ် ခရီးသွား ရာသီမှာ ပြည်ပခရီးသွား ၀င်ရောက်မှုဟာ ခရီးသွားဦးရေ ခုနှစ်သိန်းကျော် ၀င်ရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် ၊ ခရီးသွားရာသီမှာတော့ ရှစ်သိန်းကျော် ၀င်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို ၀င်ရောက်ခဲ့တဲ့ ခရီးသွားတွေမှာ အနောက်ဥရောပ နိုင်ငံတွေဘက်မှ ပြင်သစ် ၊ ဂျာမနီနဲ့ အင်္ဂလန် နိုင်ငံတို့ဟာ လာရောက်မှု အများဆုံးဖြစ်ပြီး အာရှနိုင်ငံတွေ ဘက်မှာတော့ ထိုင်း ၊ တရုတ်နဲ့ ကိုရီးယား နိုင်ငံတို့မှ လာရောက် မှုများပြားတယ်လို့သိရပါတယ်။http://www.myanmarexpress.net/2012/02/blog-post_2911.html

No comments:

Post a Comment