ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, February 29, 2012

ဒေါ်အောင်ဆန်းစုကြည် ကို ကိုယ်စားလှယ်လောင်း အဖြစ် အတည်ပြု


416941_240885866001169_100002392711655_507059_201557382_n၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့  မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက် ပွဲ မှာ ၀င်ရောက်ယှဉ်
ပြိုင် ဖို့  အတွက် ကိုယ်စားလှယ်လောင်း အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်
အောင်ဆန်းစုကြည် က
အမည်စာရင်း တင်သွင်း ထားတာ ကို ရွေး ကောက်ပွဲ ကော်မရှင် က
အတည် ပြု လိုက် ပြီ ဖြစ်ပါတယ်။
သူမ ပါဝင်ယှဉ်ပြိုင်မယ့် မြို့ နယ် ဖြစ်တဲ့ ရန်ကုန်တိုင်း ကော့ မှုး မြို့  နယ် က ၀င်ရောက် ယှဉ်ပြိုင်
ဖို့  ကို ပါ အတည် ပြု လိုက်တာ ဖြစ် ပြီး ကန့် ကွက်ထား မှု တွေ ကို ပယ်ချ လိုက်တယ်လို့ AFP
သတင်း မှာ ဖော်ပြထား ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကို ဦးတင်ရီ က ကိုယ်စားလှယ်လောင်း ဖြစ်ဖို့  သတ်မှတ် အရည်အချင်း
တွေ နဲ့  မကိုက်ညီဘူး ဆိုပြီး ကန့် ကွက် ထား တာ ကို ပယ်ချ လိုက်တာ ဖြစ်ပါတယ်။
ဦးတင်ရီ ဟာ ညီညွတ်ရေး နဲ့  ငြိမ်းချမ်းရေး ကိုယ်စားလှယ် လောင်း အဖြစ် ကော့ မှုး မြို့ နယ် က ၀င်
ရောက်ယှဉ်ပြိုင် မယ့် သူ ဖြစ်ပါတယ်။

No comments:

Post a Comment