ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, February 27, 2012

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ Mr. Michael E. Thurst

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန် သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Michael E. Thurston သည် http://www.myanmarexpress.net/2012/02/mr-michael-e-thurst.html
ဖေဖော်ဝါရီလ (၂၂) ရက်နေ့ ညနေ (၅) နာရီအချိန် တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။
ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန်သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Michael E. Thurston မှ လာရောက်တွေ့ဆုံစဉ်
တွေ့ဆုံပွဲသို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့်အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဌာနချုပ်မှူး ဦးအောင်နိုင်ထွန်းနှင့် ပါတီဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အမေရိကန်သံရုံး ယာယီတာဝန်ခံ Mr. Michael E. Thurston နှင့်အတူ Political Economic office Mr. Andrew H. Doehler တို့တက်ရောက်သည်။


ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန်သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Michael E. Thurston အား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်စဉ်
တွေ့ဆုံရာတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် အမေရိကန်နိုင်ငံ သံရုံး ယာယီတာဝန်ခံ Mr. Michael E. Thurston တို့သည် မြန်မာနိုင်ငံ ၏ နိုင်ငံရေး ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုအခြေအနေများ၊ ပါတီ၏ လုပ်ငန်းစဉ်များနှင့် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်မှု အခြေအနေ များအား ဆွေးနွေးကြ ကြောင်း သိရှိရသည်။

No comments:

Post a Comment