ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, March 19, 2012

ဝ တပ်ဖွဲ့ပိုင် စစ်လက်နက်တချို့


မြန်မာ့နိုင်ငံတွင် တပ်မတော်ပြီးနောက် ဒုတိယ အင်အားအကြီးဆုံးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဝ တပ်ဖွဲ့များ၏ စစ်လက်နက်များ အားဖော်ပြပေးလိုက်ရပါသည်။ ပြည်တွင်းအင်အားစုရဲ့ လက်နက်အင်အားထက် သူတို့နောက်ကွယ်မှာရှိတဲ့ တရုပ်ရဲ့ အကြံအစည်ကို သတိထားမိစေလိုသော ဆန္ဒကြောင့် တင်ရခြင်း ဖြစ်ပါတယ်...။

တရုပ်နိုင်ငံမှ ဝယ်ယူထားသော ZFB 05 သံချပ်ကာယာဉ်အား ဝ တပ်ဖွဲ့စစ်ရေးပြပွဲတစ်ခုအတွင်းတွင် တွေ့ရစဉ်ဖြစ်ပါသည်။ပုံတွင် တွေ့ရသောအချက်များအရ အစီးရေ ၃စီး တွေ့ရပြီး နောက်ထပ်မည့်မျှထိ ရှိဦးမည်ကို မသိရပါ...။

NSV တွေရဲ့ စနစ်ကို ပုံတူယူထားတဲ့ စက်သေနတ်လို့ ထင်ပါတယ် (အမျိုးအစား မသိပါ)

၁၂.၇မမ Dshk စက်သေနတ်ကြီးကို တပ်ဆင်ထားသည့် သံချပ်ကာယာဉ်

ဒီသံချပ်ကာယာဉ်မှာကတော့ ဘာစနစ်လည်း ဆိုတာမသိရပါဘူး..


တရုပ်တပ်သုံး ZFB 05 သံချပ်ကာယာဉ်


ဝ တပ်ဖွဲ့၏ ဘမ်မာ စစ်သုံးယာဉ်

အမေရိကန် ကြည်းတပ်သုံး ဟမ်ဗီး စစ်သုံးယာဉ်ဒီဇိုင်းကို ယူထားတဲ့ ဟမ်မာ စစ်သုံးယာဉ်အသွင်ပြောင်းထားတဲ့ ဝ တပ်ဖွဲ့တွေရဲ့ ကားဖြစ်ပါတယ် အနားက စစ်သုံးယာဉ်ကတော့ တပ်မတော် (ကြည်း)က ဖြစ်ပါလိမ့်မယ်...။

တရုပ်ဆီမှ ရရှိထားသည့် Dong Feng စစ်သုံးယာဉ်များ

ဒီစစ်ကားတွေကတော့ တပ်မတော်မှာလည်း အသုံးပြုပါတယ်...။

မူရင်းက ရုရှားထုတ်ပါ နာမည်ကြီးပါဘဲ Dshk ၁၂.၇မမ စက်သေနတ်ကြီး ဖြစ်ပါတယ်....။


ဒီ စက်သေနတ်ကြီးတွေကို ဗီယက်နမ်စစ်မှာ ဗီယက်ကောင်းတွေ အသုံးများတာတွေ့ရပါမယ် အနိမ့်ပျံ၊မြန်နှုန်းနည်းတဲ့ ရဟတ်ယာဉ်တွေကိုတောင် ပစ်ချနိုင်စွမ်းရှိပါတယ်....။

ပြည်တွင်း စစ်ရေးအခြေအနေကို ဖော်ပြလိုခြင်းမဟုတ်ပါ တချိန်မှာ မြန်မာနိုင်ငံအတွက် အဓိကရန်သူဖြစ်လာနိုင်တဲ့ တရုပ်ရဲ့ အစီစဉ်တစ်ချက်လို့ ယူဆမိလို့ အားလုံးသိအောင် ဖော်ပြပေးခြင်းဖြစ်ပါတယ်....။ ပြည်တွင်းကစည်းလုံးနေရင် ဘယ်ရန်သူကိုမှ ကြောက်နေစရာမလိုပါဘူးခင်ဗျာ....။ (ပို့ပေးထားကြတဲ့ ပုံတွေနှင့် သူငယ်ချင်းတွေဆီက ပုံတွေ ထပ်ဖြည့်ပြီး တင်ထားပါတယ်....။)

No comments:

Post a Comment