ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, March 23, 2012

ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် အမေရိကန်နှင့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများအား မြန်မာ ဖိတ်ခေါ်


လာမည့် ကြားဖြတ် ရွေးကောက်ပွဲများကို စောင့်ကြည့် လေ့လာရန်အတွက် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ စောင့်ကြည့် လေ့လာသူများအား စေလွှတ်ရန် မြန်မာနိုင်ငံက ဖိတ်ခေါ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

အာဆီယံရဲ့ ဆွေးနွေးဖက် ဖြစ်တဲ့ အမေရိကန်လည်း စောင့်ကြည့် လေ့လာသူတွေ စေလွှတ်ဖို့ ဖိတ်ခေါ် ခံခဲ့ရပါတယ်။ အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့ အပါအ၀င် နိုင်ငံတကာကိုယ်စားလှယ်တွေကို စောင့်ကြည့်လေ့လာသူများအဖြစ် မြန်မာအာဏာပိုင်များက ဖိတ်ခေါ်ခဲ့တဲ့အတွက် အမေရိကကလည်း ကြိုဆိုခဲ့ကြောင်း သိရပါတယ်။

အခုလို မြန်မာအစိုးရဖက်မှ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေ ဖိတ်ကြားတဲ့အပေါ်မှာ EU ဥရောပသမဂ္ဂ ကလည်း ကြိုဆိုပါတယ်။ ဒါဟာ အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်ဖြစ်တယ်လို့ EU ပြင်ပဆက်ဆံရေးဌာန ပြောခွင့်ရ အမျိုးသမီး Maja Kocijancic က ပြောခဲ့တာပါ။

မြန်မာအစိုးရဖက်မှ လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာရန် အာဆီယံစောင့် ကြည့်လေ့လာသူ ငါးဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ပါလီမန်အဖွဲ့ဝင် နှစ်ဦးစီအား မြန်မာနိုင်ငံသို့ လာ ရောက်ရန် ဖိတ်ခေါ်ခဲ့ကြောင်းကိုလည်း အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက မတ်လ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ၎င်းတို့နှင့်အတူ မီဒီယာသမားများကိုလည်း ဖိတ်ခေါ်ခဲ့ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။
ကမ္ဘောဒီယားနိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတကြီး ဦးသိန်းစိန်ကလည်း အခုလို နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေကို ရွေးကောက်ပွဲအတွက် ဖိတ်ကြားတယ်ဆိုတာကို အတည်ပြု ပြောခဲ့ကြောင်း ကမ္ဘောဒီယားနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ အာဆီယံနဲ့ အာဆီယံ မိတ်ဖက်နိုင်ငံတွေဖြစ်ကြတဲ့ သြစတေးသျှ၊ ကနေဒါ၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီယား၊ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့ကို ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ အခုလို အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ အမေရိကန်နဲ့ အီးယူ အပေါအဝင် ကမ္ဘာတဝမ်းက ကြိုဆိုကြပေမယ့် ပြည်ပ အတိုက်အခံမီဒီယာ များနဲ့ ပြည်တွင်း မီဒီယာများကတော့ အပျက်သဘောဆောင် လိမ်ညာဖော်ပြမှုတွေ ရှိနေတာကို တွေ့ရပါတယ်။

No comments:

Post a Comment