ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, March 23, 2012

မြန်မာစစ်တပ်နဲ့ KIA တို့ ကန်တော်ယန်-နန်ဆန်ယန်လမ်းကြောင်းပေါ်တွင်တိုက်ပွဲဖြစ်ပွား

            ပြီးခဲ့တဲ့ မတ်လ(၁၉)ရက်နေ့က မြန်မာစစ်တပ်မှ တပ်ရင်း(၂၆၀)၊တပ်ရင်း(၃၉၀) ပူးပေါင်းအဖွဲ့နဲ့ KIA အဖွဲ့တို့ ကန်တော်ယန်နဲ့ နန်ဆန်ယန်လမ်းကြောင်းပေါ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ KIA ဘက်မှ အင်အား(၁၀၀)ကျော်ခန့်ရှိပြီး မြန်မာ အစိုးရတပ်ရင်းတွေ လမ်းကြောင်းပေါ်မှာ ဖြတ်သန်းသွားလာတာကို KIA တပ်ဖွဲ့များမှ စောင့်ပြီးတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

           “ မနက် ၁၀ နာရီလောက်က စဖြစ်တာ ညနေလောက်အထိပဲ၊ တော်တော်တော့ကြာတယ်။ သေနတ်သံကြား တာနဲ့ကျွန်တော်တို့လဲ ယာခင်းထဲကမထွက်ရဲဘူးလေး။ လက်နက်ကြီးသံတွေလည်း ကြားရတယ်။ မြန်မာစစ်တပ်ကတော့ အင်အား နည်းတယ်ထင်တယ်။ ဒါကြောင့်မို့လို့ KIA အဖွဲ့တွေ ဒီလောက်ကြာကြာ ပစ်တာဖြစ်မယ်။ မြန်မာစစ်တပ် ဘက်ကအရာရှိ(၁)ယောက် ဒဏ်ရာရပြီးတော့ တပ်ကြပ်ကြီး(၂)ယောက်သေတယ်။ KIAဘက်ကလည်း(၆)ယောက် လောက်သေကြတယ်" လို့  တောင်ယာလုပ် ကိုင်သူ ဒေသခံတစ်ဦးမှ ယခုလိုပြောကြားခဲ့ပါတယ်။

No comments:

Post a Comment