ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, March 05, 2012

ဒေါ်အောင်ဆန်းစုကြည် မိထ္ထီလာ ဟောပြောပွဲအောင်မြင်စွာပြီးဆုံး

ယနေ့ နံနက် တံတားဦးမှာ မိန့် ခွန်းပြောကြားခဲ့စဉ် (ဓါတ်ပုံ-D-Wave)
မတ်လ ၅ ရက်နေ့ ၂၀၁၂
 မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သည် မိထ္ထီလာမြို့  ကိုရောက်ရှိနေပြီး လူထုဟောပြောပွဲမှာ မိန့် ခွန်းပြောကြားပြီးဖြစ်ကြောင်းသိရသည်။ 
အခုအခါ နေပြည်တော်ကို ဆက်လက်ထွက်ခွါဖို့ ပြင်ဆင်နေပါသည်။  
 ဒေါ်အောင်ဆန်းစုကြည်ဟောပြောသည့်နေရာ အတိအကျ မသိသဖြင့် မိထ္ထီလာဒေသခံ တော်တော်များများ ဟောပြောပွဲပြီးမှရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲကို ယခင်ခရိုင်ဘောလုံးကွင်းတွင် ကျင်းပမည်ဟု ကြေငြာထားခဲ့သော်လည်း ယခုဟောပြောပွဲကို အောင်မင်္ဂလာခမ်းမတွင်ပြောင်းလဲ ကျင်းပသည်ကို မသိကြ၍ နေရာ လိုက်ရှာရသောကြောင့် နောက်ကျကြရကြောင်း YPI သတင်းထောက်မှ ပေးပို့သည်။http://www.thithtoolwin.com/2012/03/blog-post_6781.html

No comments:

Post a Comment