ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, March 24, 2012

အမေစုအတွက် ခေါင်းကို ခြေသုတ်ခုံလုပ်မဲ့လူတစ်မျိုးပေါ်ပြီ

မွေးမေမေဆီကနေ အမေ့ခြေရာလေး ယူပြီး ကုတင်ခေါင်းရင်းမှာ ထားဖူးပါသလား။
ကျွန်တော်တော့ သွားလေရာ တောင် အိပ်ကပ်ထဲမှာ အမေ့ခြေရာလေး ပါတယ်။
အခုတော့ဗျာ...
ကြားရ မြင်ရ နားဝမှာ မချမ်းသာဘူးဗျာ ။ ဘယ့်နှယ် ကိုယ့်အမေရင်းကိုတောင် အခုလောက် တောင် တသဖူးကြရဲ့လားတောင် မသိပါဘူးဗျာ ။ အိမ်က အမေကြားရင် သိပ်ရင်နာ မိမလား မသိဘူး ။
ရှေးရှေး ဘုရင်ခေတ်ကလို မျိုး တွေ ပြန်ရောက်နေသလိုပဲ ။ ဘုန်းတော်ဘွဲ့တွေ သိပ် များနေတယ် ။

အရင်တုန်းကလည်း အမေ့ထဘီကို ခေါင်းပတ်မယ် ရေစိမ်သောက်မယ် နဲ့ ကျည်ကွင်းတယ်နဲ့ လူငယ်တချို့ရဲ့
ဘုန်းတော်ဘွဲ့ကြီး နားထောင်မိကတည်းက ဘယ်သူမှ သိပ်လက်မခံ ကြဘူး ဆိုတာကို သူတို့လေး တွေ သိပ်
မသိရှာဘူး ။ ထားပါတော့လေ လူငယ်မို့လို သွေးကြွ နေချိန်မို့ ပညာမတတ်တဲ့ လူငယ်တွေရဲ့ အရေးအသား
အတွေးအခေါ်လို့ သီချင်းနားထောင် မိတာနဲ့ သိတာမို့ သိပ်ဝင်မပြောမိပါဘူး ။အခုဟာက လူကြီးတစ်ယောက်လုံးရဲ့ အတွေးအခေါ်ကို သဘောမကျလို့ ရေးမိလိုက်တာပါဗျာ ။ဘယ် နှယ် ...ဒီလူကြီး ဒီအသက်အရွှယ်ကြီးနဲ့  ဒီလို အတွေးမျိုး အရေးမျိုး ရှိတာ အံသြလို့ မဆုံးဘူး ။

အမေ့ ခြေမှူန်ကို ခေါင်းမှာ သုတ်မယ် ဆိုတာကြီးက  အဆင်မပြေဘူး ဗျာ ။
သူဟာသူ ဘယ်လောက် မြင့်မြတ်နေပါစေဗျာ ။ ဘယ်လောက် နာမည်ကြီးနေပါစေ ။ မိန်းမတစ်ယောက်
အထူးသဖြင့် ကိုယ့်အမေတောင် မဟုတ်တဲ့ မိန်းမတစ်ယောက် ရဲ့ ခြေမှူန်ကို ခေါင်းမှာ သုတ်မယ် ဆိုတဲ့
အဆိုပါ လူကြီးရဲ့ စိတ်ဓါတ်က ဘယ်လောက်တောင် နိမ့်ကျ သွားပါသလဲ ဆိုတာ စဉ်းစားကြည့်ရုံနဲ့ သိနိုင်
ပါတယ် ။ ကျွန်တော် မောင်မြင့်နိုင် တစ်ယောက် အသေအချာ ပြောရဲပါတယ် ။ အဲဒီ လူကြီးဟာ ကိုယ့်အမေ
ရင်းရဲ့ ခြေဖမိုးကိုတောင် နမ်းဖူးပုံး မပေါ်ဘူး ဆိုတာ အသေအချာ ပြောနိုင်ပါတယ် ။
ဖြစ်လည်း ဖြစ်နိုင်ပါတယ် ။ သူနဖူး ပြောင်ပြောင်နဲ့ ခြေသုတ်ခုံ လုပ်မယ်ဆိုတာ ကြီးကလည်း လိုက်ဖက်ပါတယ် ။



အခုတစ်လော ဖားတာကလည်း ဖားကြပေါ့ ။ သာ ရာ ကူး တာလည်း ကူးကြပေါ့ဗျာ ။
ဒါပေမဲ့ သိပ်ပြီး မျက်စိနောက်အောင် မလုပ်ကြပါနဲ့ .။ ကျွန်တော်တို့ မြန်မာ ပြည်သူတွေ ဟာ ခေတ် အမျိုး
မျိုးကြားမှာ ကျင်လည်ခဲ့ရတဲ့အတွက် လူရည်နပ်နေပါပြီ ။အခုချိန်မှာ ဒေါ်စုကို ဘုန်းတော်ဘွဲ့တွေ နဲ့ တင်
မြောက်နေတဲ့ လူ တွေကြည့်ရတာလည်း တစ်ယောက်မှ လူရည်မွန် လူရည်ချွန် မဟုတ်တာလည်း တွေ့နေ
ရတယ် ။ ဒေါ်စု လည်း အဲဒီ မြှောက်လုံးတွေကြားမှာ သာယာပြီး သူကိုယ်သူ တကယ် ကယ်တင်ရှင် လို
ထင်မှတ်နေတာလည်း ဖြစ်တယ် ။တကယ်တော့ သူမ ဟာလည်း ဆုငွေတံဆိပ်တွေရဲ့ နှောင်ကြိုးအောက်က
မြင်းကပါ ရုပ်သေးပွဲ လိုဖြစ်နေတာပါ ။ ဘာအစွမ်းမှ ရှိတာလည်း မဟုတ်ဘူး ။ အခုလည်း ပျံနှံနေတဲ့
ဒေါ်စုဖြေပါ VCD ထဲက အချက်အလက်တွေ မေးခွန်းတွေကိုလည်း ဒေါ်စု ဘက်က မတုံပြန်သလို ဘာလို့
ပါတီလူငယ်တွေက ဒေါသတကြီးတုံပြန်နေတာလဲ ။ ပါတီထဲမှာတောင် စကား ဟ မခံတာ ဘာလို့ပါလဲ ။
ကြောက်လို့လား ။
ရှက်လို့လား ။

အခုတော့ အမေစု ဘေးနားက ထောင်ထွက် လူမိုက်တွေ ဘော်ဒီဂတ်တွေ မိုက်ရိုင်းမှူတွေ
ပြည်သူ အချစ်တော် ခဲမှန်ထားတဲ့ လူတွေ ကြာကူလီတွေ ဖော်လံဖား မြောက်စားတွေ
အမေအရင်း ကိုတောင် တနေ့တခါ မလှည့်ကြည့်တဲ့ အမေစု ထဘီ ရေစိမ်သောက်မယ့် သူယုတ်လေးတွေ
အခုနောက်ဆုံး အမေအရင်း ခြေဖမိုးက ဖုန်တောင် လက်နဲ့ မဖယ်ပေးဖူး တဲ့ လူတွေကလည်း
မြန်မာမစစ်တဲ့ လိင်မှူဆိုင်ရာတွေ မရှင်းနိုင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခြေမှူန်သုတ်ဖို့ ခြေသုတ်ခုံ လုပ်ပေးအုံးမယ့် လူစားတွေ ဝိုင်းနေတဲ့ ဒေါ်စု နဲ့ NLD ကို ဘယ်လို ယုံကြည်ရမလဲ ။
ဖြေပါ။

No comments:

Post a Comment