ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, March 24, 2012

တာချီလိတ် ဂေါက်ကလပ်တွင်မိုင်း(၂)လုံးပေါက်ကွဲခြင်း

http://amayeainn.blogspot.com မှကူးယူဖော်ပြပါသည်။
၂၀၁၂ခုနှစ် မတ်လ ၂၄ ရက်
မတ်လ(၂၄)ရက်နေ့ မနက်(၇)နာရီကျော်ခန့်မှာ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်မှာရှိတဲ့ ရီဂျီ
နားဂေါက်ကလပ်မှာ မိုင်း(၂)လုံးပေါက်ကွဲခဲ့ပါတယ်။ အဲဒီလိုပေါက်ကွဲမှုကြောင့် ဂျီရီးနားဂေါက်ကွင်း လုံခြုံ ရေး အမှုထမ်း မောင်ဇော်ရဲမင်းနဲ့ ဂေါက်သီးရိုက်ကစားသမားဦးအားဗြာတို့(၂)နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ပေါက်ကွဲ
မှုတွေဟာ တစ်ခုနဲ့တစ်ခု(၁)နာရီခြားပြီး ပေါက်ကွဲတာဖြစ်ပါတယ်။ ပထမဆုံးပေါက်ကွဲခဲ့တဲ့ မိုင်းကတော့ ဂေါက် ကွင်းမှာရှိတဲ့ ကျင်းနံပါတ်(၁၃)တီခုံရဲ့ညာဘက် မယ်ဇလီပင်ခြေရင်းက အမှိုက်ပုံ အောက်မှာ ပေါက်ကွဲခဲ့ တာဖြစ်ပါတယ်။ အဲဒီမိုင်းပေါက်ကွဲမှုမှာတော့ထိခိုက်မှုမရှိခဲ့ပါဘူး။
ဒုတိယပေါက်ကွဲတဲ့မိုင်းကတော့ (၈)နာရီတိတိအချိန်မှာ ကျင်းနံပါတ်(၁၇)တီခုံရဲ့ညာလက် (၅)မီတာ ခန့်အကွာမှာပေါက်ကွဲခဲ့တာဖြစ်ပြီးမောင်ဇော်ရဲမင်းရဲ့ မျက်နှာမှာ မိုင်းစတွေထိမှန်ဒဏ်ရာရခဲ့ပြီး ဂေါက်သီး ကစားနေတဲ့ ဦးအားဗြာကိုတော့ ကျောနောက်ပိုင်းကိုမိုင်းစတွေထိမှန်ခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြော ဆိုပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးလုပ်ဆောင်နေတာနဲ့ ပက် သက်လို့ တစ်ဖက်နဲ့တစ်ဖက် အထင်မြင်လွဲအောင်လုပ်တာဖြစ်ပြီး လာမဲ့တပ်မတော်နေ့ကို  နှောင့်ယှက် ဖျက်ဆီးလိုတဲ့ လုပ်ရပ်လဲဖြစ်တဲ့အတွက် သက်ဆိုင်ရာမှ တရားခံကို အပူတပြင်းရှာဖွေနေတယ်လို့ သိရပါတယ်။ ဒီမိုင်းပေါက် ကွဲမှုနဲ့ပတ်သက်လို့ မူးယစ်တရားခံပြေး စိုင်းနော်ခမ်းအဖွဲ့ရဲ့ လုပ်ဆောင်ချက်ဖြစ်ဖို့ သေချာသလောက်ရှိတယ် လို့ ဒေသခံတွေကပြောဆိုနေကြပါတယ်။

No comments:

Post a Comment