ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, March 28, 2012

အနားယူသွားသော ဦးသန်းရွှေနှင့် အရာရှိကြီးများ ပင်စင် လစာစာရင်း လိမ်ညာမှူကြီးရဲ့ အမှန်တရား

(ပြည်သူက တော့အလုပ်အကိုင်ရှားပါးလို့ ငတ်ပြတ်မွဲတေ..တိုင်းပြည်က အကြွေး ထဲမြုပ်။ နိုင်ငံတော်မြေပုံက ဘင်္ဂါလီကုလားလက်ထဲ ပဲ့ပါ..စစ်အာဏာရှင်အသိုင်းအ၀ိုင်းကတော့ဒူးကလေးနှံ့ လို့ ။ လက်စသတ်တော့ ချောက်ထဲကျတော့မယ့် တိုင်းပြည်ကို ခဏခဏ စစ်တပ် က ၀င် ကယ်ချင်နေတာ ဒါကြောင့်ကိုး..ရာထူးတိုးဖို့ တန်းစီနေတဲ့စစ်အာဏာရှင်လက်သစ်စစ်ဗိုလ်လေးတွေအတွက်တော့ သွားရေကျစရာပါပဲ။)
ဆိုပြီး အများ အကြိုက် စကားလုံးလေးတွေနဲ့ အဟုတ်ကြီးလုပ်ပြီး စာရင်းဇယား အတုကြီးကို ချပြပြီး ၀န်ထမ်းတွေ ကို မယုံကြည်အောင် ပြည်သူတွေကို ထင်ယောင် ထင်မှား ဖြစ်အောင် လုပ်ကြံဖန်တီးပြီး ဇာတ်လမ်းတွေ ထွင်ပြီး ဖွနေကြဆဲပါ အရင်တုန်းကလဲ ဒီလိုတွေ ဖွနေခဲ့ကြတာပါပဲ...  ထင်သာမြင်သာနဲ့ သိသာတဲ့ ဟာတွေ ရှိခဲ့သလို သူတို့ဖွလို့ အောင်မြင်သွားတာတွေလည်း အများကြီးပါ... ဒီကိစ္စက လုပ်ကြံဖန်တီး ထားတဲ့ စာရင်းဇယားပါဆိုတာကို မယုံရင် အောက်မှာ(ပုံ-၁) ကြည့်ကြည့်လိုက်ပါ။

ပုံ-၁

ဒီပုံကခေါက်ရိုးကျိုးနေတဲ့ စာကူ ပေါ်မှာ ရေးထားပါတယ်ဆိုတဲ့ ပင်စင်လစာ တွေပါ... ဒါပေမယ့် နာမည်တွေကော ဇယားကွက် လိုင်းတွေပါ.. မပျက်စီးပဲ မူလအတိုင်း ထင်းထင်းကြီး ရှိနေပါတယ်... ဘာလို့လဲ ဆိုတော့ ဒီစာရင်းကြီးက မူလစာရွက်ကို Scan ဖတ်ပြီး တင်ထားတာ မဟုတ်ပဲ ကွန်ပျူတာထဲမှာပဲ... နောက်ခံ ခေါက်ရိုးကျိုးနေတဲ့ စာရွက်ပေါ်မှာ စာရင်းဇယား ပြန်ဆွဲထားတဲ့ပုံပါ....

နောက်ပြီး ပင်စင်လစာတွေကလည်း မတန်တဆ ဖြစ်အောင် သိန်းရာချီပေးထား သယောင်ယောင် စစ်ဗိုလ် စစ်သား ၀န်ထမ်းတွေကပဲ အဲဒီလို ပင်စင်လစာ အများကြီး ရမှာ ကိုသရေကျ မျှော် မှန်း နေယောင်ယောင်နဲ့ ပြည်သူတွေနဲ့ ကျွန်တော်တို့ စစ်တပ်(သို) ၀န်ထမ်းတွေကို သင်းခွဲပြီး ၀ါဒဖြန့်လိုက်တဲ့ လုပ်ကြံဖန်တီးမှုပဲ ဖြစ်ပါတယ်...

ဒါတွေက မလုပ်သင့်ပါဘူး... မဖြစ်သင့်ပါဘူးဗျာ.... အဲဒီလိုပါပဲ... ၀ါဒတွေ ဖြန့်ပြီး ဒေါ်စုလွတ်ခဲ့ရင် မြန်မာနိုင်ငံကြီး ချက်ချင်း ဆိုသလို တိုးတက်တော့ မယ်ယောင်ယောင်၊ အစိုးရက ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးရင်ပဲ နတ်ရေကန်ကြီးထဲ ကျသွားတော့မယ်လိုလို နဲ့ ၀ါဒတွေ ဖြန့်လာတာ အခုဆို ဒေါ်စုသာ လွတ်သွားတယ်.. ဒေါ်စု လုပ်ခဲ့တာ ဆိုလို့ တိုင်းပြည်တိုးတက်တဲ့ ရလဒ် ဘာတစ်ခုမှ မရှိသေးပါဘူး...
အဲဒါကြောင့် စတုတ္ထမဏ္ဍိုင် လို့အမည်ခံထားတဲ့ ပြည်ပ မီဒီယာတွေကော ဒီမိုကရေစီနဲ့ လူ့အခွင့် ရေးကို လိုလားပါတယ်ဆိုပြီး တကြော်ကြော် ဟစ်ကြွေးနေတဲ့... လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို တလွဲ အသုံးချ သုံးစားနေကြတဲ့ သူတွေကော မြန်မာမှန်ပြီး မြန်မာစစ်စစ် ဖြစ်ပါက ဒီလိုတွေ လုပ်ပြီး တိုင်းပြည်တိုးတက်ဖို့နဲ့ အမျိုးသား ပြန်လည် စည်းလုံးညီညွှတ်မယ့် လမ်းမှာ အနှောင့်အယှက် ဖြစ်အောင် မလုပ်သင့် ပါ...။

ပုံ-၂
(..ပုံ-၂ ..သူတို့ ဖွထားတဲ့ စာရင်းပါ... Download ချပြီး ကြည့်ပါက ပိုပြီး ရှင်းရှင်းလင်းလင်း သိနိုင်ပါသည်)
 
ဒါကတော့ မိုးမခ သတင်းဌာန ရဲ့ လိမ်ညာ ဝါဒဖြန့်ထားတဲ့ Web Page ပါ
သွေးသစ္စာ)

No comments:

Post a Comment