ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, March 28, 2012

NLD ပါတီ အမတ်လောင်း ဒေါ်စန္ဒာမင်း ၀န်ချတောင်းပန်


နေပြည်တော်တိုင်းဒေသကြီး  ဇဗ္ဗူသီရိမြို့နယ် လစ်လပ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေတွင် ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်း  ဒေါ်စန္ဒာမင်း နှင့် ၈၈ မျိုးဆက် ဌေးကြွယ် တို.
၏ ချစ်ရည်လူး ဇာတ်လမ်းမှာ အမှန်တကယ်ဖြစ်ကြောင်း ဒေါ်စန္ဒာမင်း က ၀န်ခံပြောဆိုခဲ့သည်။ထိုချစ်ရည်လူး ဇာတ်လမ်းကြောင့်  NLD ပါတီ အမတ်လောင်း ဒေါ်စန္ဒာမင်း သည် ဇဗ္ဗူသီရိမြို့နယ်အတွင်း စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင် ရာတွင် အခက်အခဲ များစွာ
များတွေ့ရှိနေကြောင်းသိရှိရသည်။ကာမပိုင်လင်ယောကျာ်း ရှိပါလျက် ဖောက်လွဲဖောက်ပြန် လုပ်ရပ်များ လုပ်ဆောင်ခဲ့သောဒေါ်စန္ဒာမင်း သည် မိမိ ၏ အမှားများ အတွက်ဝန်ချတောင်းပန်ကြောင်းလည်း သိရှိရသည်။အမတ်လောင်းတစ်ယောက်၏ ဂုဏ်သိက္ခာနှင့်
မညီလုပ်ဆောင် ခဲ့သော ကြောင့် ဒေါ်စန္ဒာမင်း က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့  ၀န်ချတောင်းပန်စာ ပေးပို့လိုက်ကြောင်းသိရှိရသည်။



၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နဲ့ ဇမ္ဗူသီရိမြို့နယ် NLD အမတ်လောင်း အိမ်ထောင်သည် ဒေါ်စန္ဒာမင်းတို့ဟာ ပုဂံမြို့ Bagan Hotel , River View အခန်းအမှတ် ၂၁၁ မှာ ၈-၂-၁၂ ရက်နေ့မှ ၁၀-၂-၁၂ ရက်နေ့အထိ တစ်ခန်းတည်းအတူတည်းခိုနေထိုင်ခဲ့ကြပြီး NLD အမတ်လောင်း ဒေါ်စန္ဒာမင်း ဟာအိမ်ထောင်သည်တစ်ဦးဖြစ်ကာ သူမ၏အမျိုးသားမှာ ဗိုလ်ကြီးဟောင်း မောင်မောင် ဆိုသူဖြစ်ပါတယ်။

1 comment:

  1. ရှိကြပါတယ်အများကြီးပဲ........
    လုပ်တော့နိုင်ငံတော်ကောင်းဘို့အတွက်ပြည်သူတွေကောင်းဘို့အတွက်တဲ့ .....
    သူတို့ကိုသူတို့တောင်ကောင်းအောင်မနေနိုင်ဘဲ့ပြည်သူတွေကောင်းဘို့အတွက်
    ဆိုတာတော်တော်တော့စဉ်းစားစရာတွေပဲနော် ..... သိသလောက်ကတော့ အဲဒီစောက်ကျင့်တွေတော်တော်များများတွေ့ရတာပဲလေ ..... ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှာ လည်းဒီအတိုင်းပါဘဲ .....

    ReplyDelete