ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, March 26, 2012

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်း

ဒီမိုကရေစီ ထွန်းကားမှ အခွင့်ထူးခံ လူတန်းစားတွေ ပပျောက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး လူတိုင်း တန်းတူညီမျှမှု ရမှာ ဖြစ်တယ်လို့ ဒီကနေ့ မြိတ်မြို့ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ဖောက်ပြန်ပြီး မကောင်းတာကြောင့် ဒီကနေ့ မြိတ်မြို့က ကျေးရွာတွေကို သွားမယ့် ခရီးတွေကိုလည်း ဖျက်လိုက်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မြိတ်မြို့မှာ ဒုတိယနေ့ အဖြစ်နဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောပါတယ်။

တနင်္သာရီ တိုင်းမှာ နိုင်ငံရေး အတက်ကြွဆုံး ဖြစ်တယ်လို့ မဲဆွယ်ပွဲမှာ လိုက်ပါသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ရုံးအဖွဲ့ဝင် ဦးခွန်သာမြင့်က ပြောပေမယ့် တကယ်တမ်းတော့ သူတို့ ပြောသလောက်မဟုတ်ခဲ့ပါဘူး။
“ဒီနေ့ကတော့ မနက်ကတုန်းက မြိတ်နားက ကျွန်းစုမြို့ကို သွားမယ့်အစီအစဉ်ကိုတော့ ဖျက်လိုက်ပါတယ်။ ကျန်းမာရေးကြောင့်ပါ။ နေ့လယ်တော့ မနေ့က မသွားဖြစ်တဲ့နေရာပေါ့ ကန်ပေါ် ဆိုတဲ့နေရာကို လူတွေကို သွားခေါ်လာတာ။ အဲဒီနေရာကလူတွေနဲ့ စကား နည်းနည်း ပြောပါတယ်။ အဲဒီလူတွေကို စကားပြောတယ်။ ပြီးတော့ အဲဒီနားကရှိတဲ့ ခြောက်မြို့နယ်က လူတွေနဲ့ စကားပြောပါတယ်၊ တည်းခိုတဲ့အိမ်မှာပါပဲ။ အဲဒါပြီးတော့ ၂ နာရီမှာ ကျနော်တို့ အိမ်က ထွက်ပါတယ်။ ၂ နာရီ ၁၀ မိနစ်လောက်မှာ မြိတ်လူထုကို စကားပြောပါတယ်။ လူအင်အားအနေနဲ့ အများကြီး မဟုတ်သလို  တက်ကြွတဲ့နေရာမှာလည်း အားရမှုမရှိပါဘူး။ စက်လှေတွေနဲ့ မြိတ်မြို့ ကျွန်းစု မြို့နယ်တွေဆီကို မဲဆွယ်ပွဲသွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ည ၁၀ နာရီကျော် အထိ သောင်တင်နေခဲ့ပါတယ်။ ဒီကနေ့ မြိတ်မြို့ မဲဆွယ်ပွဲမှာတော့ ဒီမိုကရေစီ ထွန်းကားမှ အခွင့်ထူးခံ စီးပွားရေး သမားတွေ ပပျောက်သွားမှာ ဖြစ်ပြီး လူတိုင်း တန်းတူ အခွင့်အရေး ရမှာ ဖြစ်တယ်လို့  ဒေါ်အောင်ဆန်းစုကြည်က လူထုကို ပြောပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြိတ်မြို့ မဲဆွယ်ခရီးစဉ်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက လုံခြုံရေး အကူအညီပေးခဲ့တယ်လို့လည်း NLD ဘက်က ပြောပါတယ်။ တနိုင်ငံလုံး NLD မဲဆွယ်စည်းရုံးရေး တွေမှာ မြိတ်မြို့က ဒေသဆိုင်ရာ အာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်မှုက အညံ့ဆုံး ဖြစ်တယ်ဆိုပြီးလည်း ဦးခွန်သာမြင့်က အပြစ်တင်ဝေဖန် ပြောပါတယ်။ ခရီးလမ်းကြမ်းတာအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကလည်း မကောင်းတာကြောင့် ဒီကနေ့ သွားရောက်ဖို့ စီစဉ်ထားတဲ့ မြိတ်မြို့က ကျေးရွာ ၂ ခုကို ဒေါ်အောင်ဆန်းစုကြည် မသွားနိုင်ခဲ့ပါဘူး။ “ကျနော်တို့က လှမ်း ဖုန်းဆက်တယ်။ အဲဒီတဆင့် တဆင့် လှမ်းဆက်ပြီးတော့ အပေါ်ကို ဆက်လိုက်တယ်။ အပေါ်ကနေ အောက် ပြန်ပြောတယ် ။ဒေသခံတွေက ပူးပေါင်းဆောင်ရွက်မှုလည်း မရှိပါဘူး။  ဒါကြောင့် ကျနော်တို့ ဖြစ်ချင်တဲ့ဟာ သူ့ဟာသူဖြစ်မလာဘူး  လုံခြုံရေးကလည်း ပူးပေါင်းဆောင်ရွက်မှုက သိပ်မရှိပါဘူး။
၂ ရက်ကြာ မြိတ်မြို့ ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ချို့ယွင်းလာတဲ့အတွက် လာမယ့် ၂၇ ရက်နေ့မှာ သွားရောက်ဖို့ စီစဉ်ထားတဲ့ မကွေးတိုင်း ၆ မြို့နယ် ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ပြီလို့ NLD ပါတီဘက်က ပြောဆိုပါတယ်။

No comments:

Post a Comment