ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, April 02, 2012

မော်လမြိုင်တွင် ပြည်ခိုင်ဖြိုးပါတီမှ အပြတ်အသတ်နိုင်


မွန်ပြည်နယ်ရှိ တစ်ခုတည်းသော မဲဆန္ဒနယ် ဖြစ်သည့် မော်လမြိုင်ရှိ ဈေးချို မဲရုံ အမှတ် ၆၊ ၇၊ ၈ မဲရုံ ၃ ရုံတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ က အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

မော်လမြိုင် ခ.မ.ရ ၁၀၄ အခြေစိုက် စခန်းတည်ရှိရာ မော်လမြိုင် ဈေးချို မဲရုံ ၆တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ၆ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်နှင့် ဖွံ့ဖြိုးရေးပါတီ မှ ၁၄၈မဲ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီက ၁မဲ ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီမှ ၂ မဲ အသီးသီး ရရှိခဲ့ပြီး တက္ကသိုလ်လေ့ကျင့်ရေးတပ် တည်ရှိရာ ဈေးချို မဲရုံ ၇ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ၁မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ၁၀၅မဲ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ၁မဲ ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ သုည မဲ ရရှိခဲ့ကြောင်း၊ တပ်ထိန်းတပ် တည်ရှိရာ ဈေးချို မဲရုံ ၉ တွင်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ၁၀ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၈၁ မဲ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ၁မဲ ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီမှ ၂ မဲ အသီးသီး ရရှိခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment