ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, April 02, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပြည်သူတစ်ဦးမှ အိတ်ဖွင့်ပေးစာ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင်များ သိစေရန် ယခုစာအား ရေးသားပေးပို့လိုက်ခြင်းဖြစ်ပါသည်။ယနေ့တွင်ကျင်းပပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲရုံနေရာတော်တော်များများ တွင် အနိုင်ရရှိနေကြောင်းသိရှိရပါသည်။သို့သော် မြို့နယ်တစ်ခုတွင် မဲရုံ ၁ ခု ၂ ခု စီသာ သိရှိရခြင်းသာ ဖြစ်ပြီး သတင်းထောက်များ၊NLD ပါတီဝင်များ၏ အာဘော်များဖြင့် ယခုကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲတွင် NLD ပါတီက အားလုံးအနိုင်ရရှိသည်ဟု ရပ်ကွက်များ မြို့နယ်များတွင် လိုက်လံ ကြွေးကြော်နေကြောင်းတွေ့ရှိနေရပါသည်။အဖြေကခုထိ အတိအကျ ထွက်မလာသေးဘဲ ကိုယ့်ကိုကိုယ် နိုင်တယ်ဟု ယူဆပြီး ရပ်ကွက်နှင့် မြို့နယ်များတွင် စုရုံးကာ အော်လိုက်ကြ၊ဟစ်လိုက်ကြ ဖြင့် အများနေ ကျွန်မတို့ပြည်သူတွေကို များ စွာအနှောက်အယှက်ဖြစ်စေပါသည်။ကျွန်မပြောချင်တာက ဘယ်ပါတီဘဲနိုင်နိုင် ဘယ်ပါတီက အမတ်တွေဘဲဖြစ်ဖြစ်   ကျွန်မတို့အနေဖြင့် နိုင်ငံတော်ကြီး တိုးတက်အောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါသည်။အားလုံးက တစ်မြေတည်းနေ တစ်ရေတည်းသောက် တာချင်းအတူတူ အခုလို မဲကိစ္စများကြောင့် အချင်းများကာ လူသေမူ၊ရိုက်မူ တွေကို မြင်နေရသည့် အတွက် တော်တော်လေးကို စိတ်မကောင်းဖြစ်မိရပါတယ်ရှင်။ကျွန်မအကြံပြုချင်တာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မဲစာရင်း အတိအကျထွက်မှ အနိုင်ရသည်ဆိုလျှင် အခုလို ကိစ္စရပ်များ ကို လုပ်ဆောင်ပါရန် အကြံပြုတိုက်တွန်းအပ်ပါသည်။

                                                                                     လေးစားစွာဖြင့်.....
                                                                                                   ပြည်သူတစ်ဦး

No comments:

Post a Comment