ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, April 05, 2012

စကားကိုအမျိုးမျိုးပြောသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်



၁၉၈၈ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ထုတ် Time သတင်းစာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခရင်သာပါ (Karan Thapar) တို့ရဲ့ ပြောကြားချက်များကို ပြန်လည်လေ့လာကြည့်မယ်ဆိုရင်....
ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သောစကား
"တပ်မတော်နဲ့ ပြည်သူကြားမှာ သဘောကွဲလွဲမူ မရှိသင့်ဘူး  တပ်မတော်ဟာ ပြည်သူလူထုကလေးစားပြီး ယုံကြည်ရတဲ့ အင်အားတစ်ခုဖြစ်သင့်တယ်။တပ်မတော်ဟာ သူ့သိက္ခာ သူထိန်းနိုင်ဖို့နဲ့ တိုင်းပြည်ကောင်းဖို့ အတွက် နိုင်ငံရေးမှာ မပါသင့်ဘူးလို့ အခိုင်အမာ ယုံကြည်ပါတယ်" လို့ပြောခဲ့ပါတယ်။နောက်တစ်ခုအနေနဲ့ နိုင်ငံရေးမှာ ဇောက်ချလုပ်ဖို့ စိတ်ကူးရှိသလားလို့ မေးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က 
"နိုင်ငံရေးထဲမှာ နစ်မွန်းနေရမယ့် ဘ၀မျိုးဟာ ကျွန်မအတွက် မက်မောဖွယ်ရာမဟုတ်ပါဘူး။နေရာလုဖို့စိတ်မ၀င်စားတာကြောင့်  ပေါင်းစည်းညီညွတ်အောင်လုပ်ပေး
တဲ့ အင်အားတစ်ခုအနေနဲ့သာ ပါဝင်နေတာဖြစ်ကြောင်း"  ဒေါ်အောင်ဆန်းစုကြည်မှ ထိုသို့ ပြောကြားခဲ့သည်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတ်လ ၁၇ ရက်နေ့ ရှမ်းပြည် မြောက်ပိုင်း လားရိုးစည်းရုံးရေး ခရီးစည်းမှာပြောကြားခဲ့တာကတော့
"နိုင်ငံရေးဟာ ငါတို့နဲ့ မဆိုင်ဘူး၊နိုင်ငံရေး သမားတွေနဲ့ဘဲ ဆိုင်တယ် ဆိုတာ မဟုတ်ပါဘူး။နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ်။အဲ့ဒါကြောင့်လူတိုင်းကပါဝင်ပြီး ဆောင်ရွက်သင့်ပါတယ်။အဲ့ဒီလူတိုင်းမှာ တပ်မတော်သားတွေလည်း ပါတယ်။တပ်မတော်သားတွေ NLD ကို မဲပေးကြပါ။အဲဒီလိုတပ်မတော်ရဲ့အစဉ်အလာတွေကို ဆက်ပြီးတော့ ကျွန်မတို့ ထိန်းချင်တယ်။တိုတိုပြောရရင် NLD အဖွဲ့ချုပ်ကို ထောက်ခံကြပါလို့ ပြောချင်တယ်"  လို့ပြောခဲ့တဲ့ စကားတွေကို ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်အနေနှင့်မှတ်မိဦးမယ် ထင်ပါတယ်။

No comments:

Post a Comment