ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, April 05, 2012

သံဃာတော်တွေကို အသုံးမချပါနဲ့ NLD..မန်းမြို့ဟာ ဘာသာရေးထွန်းကား နားလည်တတ်ပါတယ်

မန္တလေးမြို့တွင် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာပြီးဆုံးသွား၏၊ ပါတီများစွာ ရှိသည့်အနက် ဘာသာသာသနာကို ညိုးနွမ်းအောင် ပြုလုပ်သွားသော ပါတီများလည်း တွေ့မြင်ရပါသည်။
အထူးသဖြင့် NLD သည် ရွေးကောက်ပွဲ မတိုင်မှီ ဒေါ်အောင်ဆန်းကြည် ခရီးစဉ်ပြီးမှစ၍ ပါတီစည်းရုံးရေးလုပ်ငန်းများ ပြုလုပ်ခဲ့သည်၊ ပြည်သူလူထုအား မဲဆွယ်စည်းရုံးခြင်းအား စည်းကမ်းတကျ ရှိမရှိကို မပြောလိုသော်လည်း (၂၈-၃-၂၀၁၂)ရက်နေ့မှစ၍ မန္တလေးမြို့၏ အထင်ကရ ဘုန်းကြီးကျောင်းများ၏ ရှေ့တွင် မြန်မာရိုးရာယဉ်ကျေးမှု့ သံစဉ်များမပါသော အနောက်တိုင်း ယဉ်ကျေးမှု့ Rock , Rupper, သံစဉ် စာသားများဖြင့် မဲဆွယ် စည်းရုံးခဲ့ကြပါသည်။
 အခြေခံဥပဒေအရ သံဃာတော်များ မဲပေးခွင့် မရှိကြသည်ကို NLD လူကြီးများ မသိကြ၍လား? ဘယ်အတွက်ကြောင့် စည်းရုံးကြသနည်း?
အထင်ရှားဆုံး တစ်ခုကို ပြောလိုပါသည်၊၊
 မန္တလေးမြို့ရှိ အထင်ကရရှိသော မြတောင်ကျောင်းတိုက်မှာ (၃၅)လမ်း၊ (၈၅)လမ်း၊ (၈၆)လမ်းကြားတွင်တည်ရှိပြီး၊ မြတောင်ကျောင်းတိုက်၏ အရှေ့ဘက်တွင် ဒဟတ္တောဘုရားဝင်း၊ အနောက်ဘက်တွင် လျှပ်စစ်ရုံးဝင်း၊ မြောက်ဘက်တွင် ဦးလှသိန်း ဗိမ္မာန်နှင့် ရေပေးရေး ရုံးဝင်းရှိပါသည်၊ လူနေအိမ်များ မရှိသော နေရာဖြစ်ပြီး သာသန နယ်မြေသဖွယ် ဖြစ်သောနေရာ ဖြစ်ပါသည်၊ ဘာကြောင့် သံဃာတော်များ နေထိုင်ရာ မြတောင်ကျောင်းတိုက်ရှေ့တွင် (၂၈)ရက်နေ့ညက တစ်နာရီကျော်အကြာ စည်းရုံးရေး အလှပြယာဉ်ဖြင့် အနောက်တိုင်းဂီတများ ဖြစ်သော ROCK, RUPPER မဲဆွယ်စည်းရုံးရေး တေးသီချင်းများဖြင့် ဆူညံစွာ အော်ဟစ်မြူးတူး ကခုန်နေကြပါသည်၊ သံဃာတော်များ စာမေးပွဲများ ဖြေဆိုနေကြသည်ကို NLD လူကြီးများ မသိရှိကြဘူးလား??
ထိုသီချင်းသံများကို သံဃာတော်များသည် ကြားကြသောအခါ ခွတ်ဒေါင်း အလံများလွင့်ထူ ခွတ်ဒေါင်းနှဖူးစီးများ၊ ခွတ်ဒေါင်းစတေကာများ မျက်နှာများကပ်ပြီး ဆူညံစွာ မြူးတူးအော်ဟစ် ကခုန်ကြပါသည်၊ (မှတ်ချက်= ထိုဓါတ်ပုံများကို တင်ပြလိုက်ပါက နိုင်ငံတကာရှိ အခြားသော ဘာသာများမှ ဝေဖန်ပြစ်တင် ရှုတ်ချမည်စိုးသောကြောင့် မတင်ပြလိုက်ပါ၊ သိရှိလိုက တောင်းယူ ကြည့်ရှု့နိုင်ပါသည်။)

သံဃာတော်အရှင်မြတ်များကိုလည်း ဦးတင်လိုပါသည်ဘုရား၊ သုံးလောကထွဋ်ထား မြက်စွာဘုရား၏ သိက္ခာပုဒ် ၀ိနည်းတော်များသည် တနည်းအားဖြင့် ဘုရားရှင်ကိုယ်တော်မြတ် ချမှတ်ထားသော ဥပဒေများ ဖြစ်လိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်ဘုရား၊ မြတ်စွာဘုရား၏ သားတော်များဖြစ်သော ရဟန်းသံဃာများမှ ပိုမိုသိလိမ့်မည်ဟု ယုံကြည်ပါတယ်ဘုရား။

ယခုအခါ မြန်မာနိုင်ငံသည် ဒီမိုကရေစီ စနစ်သစ်သို့ ပြောင်းလွဲကူးပြောင်းနေသော အချိန်ခါ ဖြစ်ပါသည်။ မီဒီယာလောကသည်လည်း ဖွံ့ဖြိုးတိုးတက်နေပါသည် ကမ္ဘာ့ နိုင်ငံအသီးသီးမှ သိရှိထားသည်မှာ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ တိုးတက် အထွန်းကားဆုံးသောနိုင်ငံ တစ်နိုင်ငံဖြစ်သည်ဟု သိရှိတားပါသည်၊ သံဃာတော်များနိုင်ငံရေး မလုပ်ရလို့ မဆိုလိုပါ၊ နိုင်ငံရေး လုပ်မယ်ဆိုရင်လည်း သီလ၊ သမာဓိ၊ ပညာနှင့်ပြည့်စုံစွာဖြင့် ပုဂ္ဂိုလ်ရေး ကင်းရှင်းတဲ့ အမျိုးသားနိုင်ငံရေးဘဲ ပြုလုပ်သင့်ပါတယ်ဘုရား၊ ယခုလိုမျိုး ပါတီနိုင်ငံရေး၊ NLD ပါတီအား ကြိုဆိုခြင်း၊ မဲဆွယ်ခရီးများ လိုက်ပါဆောင်ရွက်ခြင်း၊ အော်ဟစ်မြူးတူး ကခုန်ခြင်းများ ပြုလုပ်သင့်တော့ပါဘုရား။
သာသန၀န်ထမ်း ရဟန်းသံဃာများနှင့် NLD ပါတီမှ လူကြီးများ၊ အခြားခြားသောပါတီမှ တာဝန်ရှိသူများ၊ အားလုံးခင်ဗျာ ဗုဒ္ဓဘာသာ သာသနာတော်ကို ညိုးနွမ်းပျက်စီးအောင် ပြုလုပ်နေသူများအား ၀ိုင်းဝန်း ထိမ်းသိမ်းပေးပါခင်ဗျား။

မန္တလာမောင်

No comments:

Post a Comment