ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, April 04, 2012

ကေအိုင်အေအဖွဲ့ တိုက်ပွဲဖြစ်ပွားရာမှ ကိုယ့်မိုင်းကိုယ်နင်းမိ


၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က ဒေါ့ဖုန်းယန်မြို့နယ်ခွဲ အနောက်ဖက် ၇ မိုင်ခွဲလောက် အကွာမှာရှိတဲ့ မိုင်းမုရွာမှာ မြန်မာစစ်တပ် ခလရ(၁၄၂) တပ်ရင်းကို ကေအိုင်အေအဖွဲ့တွေက လာရောက်တိုက်ခိုက်
တာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲကို အချိန် (၂) နာရီလောက်ဖြစ်ပွားခဲ့ပြီး ကေအိုင်အေအဖွဲ့တွေ နောင်နင်းကုန်း ရွာဘက်ကို ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ အဆိုပါတိုက်ပွဲကြောင့် မြန်မာစစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရရှိသူ မရှိပေမယ့် ဆုတ်ခွာချိန်မှာ ကေအိုင်အေအဖွဲ့ဝင် (၂) ဦး သူတို့ ကိုယ်တိုင်ထောင်ထားတဲ့ မိုင်းနင်းမိပြီး (၁) ဦးသေဆုံးကာ (၁) ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့  မိုင်းမုရွာရှိ ဒေသခံတစ်ဦးထံမှ သိရပါတယ်။
ဒီလိုဖြစ်ပွားရာမှာ ခလရ(၁၄၂) အနေနဲ့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတာကို ကေအိုင်အေ အဖွဲ့က  ၀င်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ရှုံးနိမ့်ကာ ၄င်းတို့ကိုယ်တိုင် ထောင်ထားတဲ့မိုင်းကို ပြန်နင်းမိ တာကြောင့် ကေအိုင်အေ အဖွဲ့ဝင်တွေအနေနဲ့ ကိုယ့်မိုင်းကိုယ် ဘယ်နေရာထောင်လို့ ထောင်ထားမှန်း မသိဘဲ သေဆုံးသူ၊ ဒဏ်ရာရသူတွေနဲ့ စိတ်ဓာတ်တွေပျက်ပြားကာ စစ်ကိုမတိုက်ချင်လောက်အောင် အဖွဲ့အပေါ် ယုံကြည်မှုတွေ အားနည်းနေကြပြီလို့လဲ သိရပါတယ်။

No comments:

Post a Comment