ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, April 04, 2012

မြန်မာ-ထိုင်း နယ်စပ် လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး ဆိုင်ရာ ဆက်ဆံရေး ရုံးများ စတင် ဖွင့်လှစ်ခဲ့

From :MRTV4


မြန်မာ-ထိုင်း နယ်စပ် လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး ဆိုင်ရာ ဆက်ဆံရေး ရုံးတွေကို တာချီလိတ်နဲ့ မယ်ဆိုင် ဒေသ တွေမှာ မတ်လ ၂၂ ရက်နေ့က ဖွင့်လှစ်ခဲ့ ပါတယ်။ အခုလို ဖွင့်လှစ် ရာမှာတော့ တာချီလိတ်ရှိ ဟောင်လိတ် ရပ်ကွက်နဲ့ ထိုင်းနိုင်ငံရှိ မယ်ဆိုင် ဒေသတွေမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ လူကုန်ကူးမှု ဆိုင်ရာ နှစ်နိုင်ငံ ဆက်ဆံရေး ရုံးမှာတော့ ထိုင်းနိုင်ငံမှ ရဲတပ်ဖွဲ့ဝင် များနဲ့ မြန်မာနိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ လူကုန်ကူးမှု ကာကွယ် တားဆီးရေး လုပ်ငန်းများ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အခုလို ဆောင်ရွက် ရာမှာလည်း နှစ်နိုင်ငံ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ သတင်း ဖလှယ်မှုများ အပြင် လိုအပ်ပါက ကယ်တင်မှု များကို ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တစ်လ တစ်ကြိမ် လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး အတွေ့အကြုံ များကို အစည်းအဝေး ပြုလုပ်ခြင်းများ ဆောင်ရွက် သွားမှာ ဖြစ်ပြီး ဖမ်းဆီးမှု များနဲ့ စုံစမ်းမှုများ ကိုပါ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို လူကုန်ကူးမှု ဆိုင်ရာ နှစ်နိုင်ငံ ဆက်ဆံရေး ရုံးကို ဖွင့်လှစ် လိုက်တဲ့ အတွက် ယခင်ကလို နယ်စပ် ဂိတ်များကို အလွယ်တကူ ဖြတ်ကျော်ပြီး လူကုန်ကူးမှု ပြုလုပ်နိုင် တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် လာမယ့် သြဂုတ်လနဲ့ နိုဝင်ဘာလ တို့မှာလည်း ကော့သောင်း မြို့နဲ့ မြ၀တီ မဲစောက်တို့မှာ အဆိုပါ ရုံးများ ထပ်မံ ဖွင့်လှစ် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ မြန်မာ-ထိုင်း နယ်စပ် လူကုန် ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး ဆိုင်ရာ ဆက်ဆံရေး ရုံးဖွင့်ပွဲ ကိုတော့ မြန်မာနိုင်ငံမှ တာဝန်ရှိ အကြီးအကဲ များနဲ့ ထိုင်းနိုင်ငံမှ လူမှုရေး ၀န်ကြီး ဌာနမှ ဒုတိယ အမြဲတမ်း အတွင်းဝန်နဲ့ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။

No comments:

Post a Comment