ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, April 21, 2012

KIA မှ ထွက်ပြေးသူများကိုရှာဖွေဖမ်းဆီးနေ




KIA တပ်မဟာ ၂ တပ်ရင်း ၁၄ မှ တပ်ဖွဲ့ဝင် ၁၀ ဦးဟာ ဧပြီ ၁၈ ရက်နေ့တွင် အစိုးရတပ်နှင့်ပူးပေါင်းရန် တပ်ရင်းမှ ထွက်ပြေးသွားကြပါတယ်။ ထွက်ပြေးသွားသူများကို တပ်ရင်း ၁၄ မှ ဗိုလ်ကြီး မုန်ဂျာလ နှင့် တပ်ကြပ်ကြီး အောင်မိုင် တို့မှ ခေါချောင်းမှော်၊ အသည်းကွဲရွှေမှော်၊ ကိုင်းတော်ရွှေမှော်၊ သုံးဆယ်ရွှေမှော်၊ဂျာဝမ်  တစ်ဝိုက်မှာ ရှာဖွေလျက်ရှိပါတယ်။ KIA ဗဟိုကတော့ ထွက်ပြေးသွားသူများကို ပြန်လည်ဖမ်းမိပါက သေဒဏ်ပေးရန်နှင့် ဧပြီလ ၂၂ ရက်နေ့ထိ ဖမ်းမိခြင်းမရှိပါက တပ်ရင်း ၁၄ တပ်ရင်းမှုးအား လိုင်ဇာမှာ ခေါ်ပြီးအရေးယူသွားမှာဖြစ်ကြောင်းသိရပါတယ်။
KIA လက်အောက်တပ်များမှ အောက်ခြေစစ်သားများဟာ စစ်တိုက်လိုခြင်း မရှိကြတော့ဘဲ နေ့တိုင်းလိုလိုထွက်ပြေးနေကြပါတယ်။ ထွက်ပြေးသွားသည့် အများစုကတော့ တရုတ်နိုင်ငံဘက်သို့ထွက်ပြေးကြပြီး အချို့အဖွဲ့များမှာ အစိုးရတပ်စခန်းသို့ သွားရောက်ပူးပေါင်းနေကြတယ်လို့ KIA ဗဟိုစစ်ရုံးချုပ်မှ ဗိုလ်မှုး အယ်ခေါင် ကပြောပြပါတယ်။

No comments:

Post a Comment