From : http://doctorsatephwar.blogspot.com/2012/04/blog-post_05.html
(ဇန်န၀ါရီလ ၉ ရက်နေ့က ရေးထားတဲ့ ဆောင်းပါးလေးကို ခုလိုမီးတွေပျက်နေချိန်မှာ သတိရလာလို့ ပြန်တင်ပေးလိုက်ပါတယ်)
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွင်း
တည်ဆောက်ရန်စီစဉ်ထားတဲ့ မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မည့်
ကျောက်မီးသွေးဓာတ်အားပေး စီမံကိန်းကို အစိုးရက
ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယနေ့နံနက်လုပ်တဲ့
သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တယ်လို့ သတင်းတွေအရ သိရပါတယ် ။
အကြောင်းကတော့
အဲဒီစီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်နိုင်သည့် အပြင်
ကျောက်မီးသွေး စီမံကိန်း၏ ဆိုးကျိုးများကို မီဒီယာများက
ထောက်ပြ၀ိုင်းဝန်းရေးသားမှုများ စသော အကြောင်းများကြောင့် အစိုးရက
စီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ် ။
တစ်ခုပေးမှတစ်ခုရတဲ့
လောကကြီးမှာ ဘာမှမပေးပဲလိုချင်လို့ကတော့ ဘာမှမရနိုင်ပါဘူး ၊
အသက်ရှည်ချင်လား အိုရပါ့မယ် ၊ မအိုချင်ဘူးလား အူဝဲဆိုတာနဲ့
ခေါက်ကနဲသေလိုက် မအိုရတော့ပါဘူး ၊ ခုလဲဒီလိုပါဘဲ
လျှပ်စစ်စွမ်းအင်လိုချင်လား သဘာဝပတ်ဝန်းကျင်ဆုံးရှုံးမှုတစ်ခုခု
အနည်းနဲ့အများပေးရပါ့မယ် ၊ ဘာမှမပေးချင်ဘူးလား အမှောင်ထဲမှာငုတ်တုတ်
နေလိုက် ဒါဘဲရှိပါတယ် ။ဘာမှလဲမပေးချင်ဘူး မီးလဲလင်းချင်တယ်
ခေတ်လဲမီချင်တယ်ဆိုလို့ကတော့ရကိုမရပါဘူး။
ရုရှားနဲ့
ညူကလီးယားဓါတ်ပေါင်းဖိုလုပ်ပြီး လျှပ်စစ်ထုတ်မယ်ဆိုတုန်းကလဲ
ဝိုင်းကန့်ကွက်လို့ ရုရှားနဲ့မျက်နှာပျက်ပြီး အစိုးရကရပ်ပေးလိုက်ရတယ် ။
ဒီတော့ ရေအားကထုတ်မယ်လုပ်တယ် ဒီတော့လဲ သဘာဝပတ်ဝန်းကျင် ဘာဖြစ်တယ်ညာဖြစ်တယ်
ဆိုလို့ မြစ်ဆုံစီမံကိန်းကို တရုတ်နဲ့မျက်နှာပျက်ပြီး အစိုးရက
ရပ်ပေးလိုက်ရတယ် ။ ခုကျောက်မီးသွေးကနေ ထုတ်မယ်ဆိုတော့လဲ လာပြန်ပြီ
ဒီသဘာဝပတ်ဝန်းကျင် ကြောင့် ထိုင်းနဲ့မျက်နှာပျက်ပြီး ရပ်ပေးလိုက်ရပြန်ပြီ ။
Data from the BP Statistical Review
ဒီပုံက
ကမ္ဘာ့လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုရဲ့ ထက်ဝက်နီးပါးကို ကျောက်မီးသွေးက
ထုတ်လုပ်နေတယ်ဆိုတာကို ပြနေပါတယ် ၊ အခုမြန်မာပြည်မှာလုပ်သလိုသာ
ကျောက်မီးသွေးကလျှပ်စစ် ထုတ်တာ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်လို့
တစ်ကမ္ဘာလုံးရပ်လိုက်ကြမယ်ဆိုရင် ကမ္ဘာကြီးတစ်ဝက်
အမှောင်ကျသွားပါ့မယ်။ဒီအထဲမှာ ညူကလီးယားစွမ်းအင်တွေနဲ့
ခေတ်မီလှပါတယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ % ၊ တရုတ်ပြည်ရဲ့ ၇၉% ၊
အိန္ဒိယရဲ့ ၆၉ %ဟာ ချက်ချင်းအမှောင်ထဲကိုရောက်သွားပါ့မယ် ။
ကျောက်မီးသွေးကထုတ်မယ်ဆိုတိုင်း
ငယ်ငယ်က ကျောက်မီးသွေးသုံးမီးရထားကြီးလို မီးခိုးတွေတလူလူထွက်ပြီး
တလောကလုံး ဒုက္ခရောက်ကုန်တော့မယ်လို့ ဒီနေ့လို နည်းပညာတွေ တိုးတက်လှတဲ့
ခေတ်ကြီးမှာ တွက်လို့ မ၇တော့ပါဘူး clean coal technology ဆိုတာ ပေါ်နေပါပြီ
ဒီနည်းပညာမှာ ကျောက်မီးသွေးကို raw Material အဆင့်မှာသန့်စဉ်လို့ရပါတယ် ၊
ဒါ့အပြင် လောင်ကျွမ်းတဲ့အဆင့် coal
burning stage မှာလည်း totally burning process တွေကိုသုံးပြီး
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့ချလို့ရပါသေးတယ် ၊ ဒီလိုအခြေအနေမျိုးနဲ့
နိုင်ငံအတွက် လျှပ်စစ်လဲရ သဘာဝပတ်ဝန်းကျင်လဲ ထိခိုက်မှုသက်သာ ဆိုတဲ့ win -
win အခြေအနေမျိုးကို ရနိုင်ပါတယ် ။
ဒီလိုပြောလိုက်တိုင်း
မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် တစ်ခုတည်းကိုပဲ တရားသေဆုတ်ကိုင်ပြီး
ပြောနေဆိုနေတဲ့ သဘာဝပတ်ဝန်းကျင်ဝါဒီတွေက ဘာကိုထောက်ပြသလဲဆိုရင် GAS
ကနေထုတ်ဘို့ ထောက်ပြတတ်ကြပါတယ် ။ သဘာဝဓါတ်ငွေ့ကနေထုတ်လုပ်တာတဲ့နေရာမှာ
အားသာချက်တွေ ရှိသလို အားနည်းချက်တွေလဲ အများကြီးရှိပါတယ်
။ဥပမာဆိုပါတော့ဗျာ ထားဝယ်ရေနက်ဆိပ်ကမ်း မှာ gas
နဲ့လျှပ်စစ်ထုတ်ပြီဆိုပါစို့ သဘာဝဓါတ်ငွေ့ကို source တစ်ခုကနေယူရပါ့မယ် ၊
ဒီ source က သတ်မှတ်ကာလတစ်ခုထိ ၁၀၀ % ရနေမယ်လို့မသေချာပါဘူး ၊ အချိန်မရွေး
မြေအောက်လှုပ်ရှားမှုကြောင့် pressure ကျပြီး ပိတ်လိုက်ရတဲ့
ဓါတ်ငွေ့တွင်းတွေကမ္ဘာပေါ်မှာ အများကြီးပါ ၊ ဒိလိုအခြေအနေမျိုးရုတ်တရက်
ဖြစ်လာပြီဆိုရင် ထားဝယ်စက်မှုဒေသကြီးတစ်ခုလုံး ခဏရပ်ပြီးနောက်ထပ် GAS
တစ်တွင်းရှာလိုက်ဦးမယ်ဆိုပြီး လုပ်လို့မရပါဘူး ။
နောက်တစ်ခုက
သဘာဝဓါတ်ငွေ့ထွက်တဲ့နေရာကနေ ပိုက်လိုင်းအရှည်ကြီးတွေနဲ့ သွယ်တန်းရတာ
ဖြစ်လို့ ဒီပိုက်လိုင်းတစ်လျှောက် တစ်စုံတစ်ယောက်က
နှောက်ယှက်ဖျက်ဆီးလို့ပဲဖြစ်ဖြစ် ၊ သဘာဝဘေး အန္တရယ်တစ်ခုခုကြောင့် ဖြစ်ဖြစ်
တစ်ခုခု ဖြစ်တိုင်း ဒီစက်မှုဒေသကြီးတစ်ခုလုံးဟာ တော်ကြာရပ်လိုက် ၊
တော်ကြာပြန်ကောင်းလိုက် ဖြစ်လို့မရပါဘူး ။
တစ်ခြားအခြေအနေတွေ အများကြီးရှိပါသေးတယ် ၊ ဒါမြင်သာတဲ့ဥပမာ ၂ ခုကို ထုတ်နှုတ်တင်ပြတာသာဖြစ်ပါတယ် ။ ကျောက်မီးသွေးစက်ရုံက ဒီလိုမဟုတ်ပါဘူး ကျောက်မီးသွေး အရင်းအမြစ်သာရှိနေ ပါစေ သူဟာ ၁၀၀% ထုတ်လုပ်နိုင်ဘို့သေချာပါတယ် ၊ စက်ချွတ်ယွင်းရင် အရန်ထားတဲ့ စက်က ထပြီးလည်လိုက်ရုံပါဘဲ ၊ ဒါကြောင့်ခေတ်မီလှပါတယ်ဆိုတဲ့ အမေရိကန် ပြည်ထောင်စုလိုနိုင်ငံမျိုးဟာ ဘယ်လောက်ပဲ သဘာဝဓါတ်ငွေ့တွေ ရှိနေပါစေ ၊ ဘယ်လောက်ပဲ ညူစွမ်းအင်တွေ ရှိနေပါစေ ကျောက်မီးသွေးကနေထုတ်တဲ့ စနစ်ကို လက်မလွှတ်တာဖြစ်ပါတယ် ။
ကျောက်မီးသွေးစက်ရုံကိုလည်း မီဂါဝပ် အတန်အသင့်လျော့ချ ၊
သဘာဝဓါတ်ငွေ့စက်ရုံလည်း တည်ဆောက်ပြီး အမျိုးသားအကျိုးစီးပွားအတွက်
ရှေးရှုဆောင်ရွက် ခြင်းသည်သာလျင် အကောင်းဆုံးဖြေရှင်းနည်းဖြစ်နိုင်ပါသည် ။
သဘာဝပတ်ဝန်းကျင်ကြောင့်သာ အရာရာကို လိုက်ရပ်ပေးနေရင် ကျွန်တော်တို့ တိုင်းပြည်ဟာ အမှောင်လှိုင်းထဲက ငမွဲတို့ တိုင်းပြည် ဘ၀ကနေ တက်တော့မှာကို မဟုတ်ပါဘူး....
No comments:
Post a Comment