ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, May 22, 2012

အမေရိကန်မှ စီးပွားပိတ်ဆို့မှု ဖွင့်ပေးခြင်းကြောင့် ပြည်ပအခြေစိုက် မြန်မာအတိုက်အခံများ ခွက်ပျောက်မှာ စိုးရိမ်နေ



အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ ပိတ်ပင်တားမြစ်ချက် ပြန်လည် ရုပ်သိမ်းလိုက်တဲ့အပေါ်မှာ အမေရိကန်အခြေစိုက် အစိုးရအတိုက်အခံများက စားခွက်ပျောက်မှာ စိုးရိမ်နေကြကြောင်း သတင်းရရှိပါတယ်။

အိုဘားမား က လည်း မြန်မာနိုင်ငံက ပြောင်းလဲနေပြီလို့ ပြောနေပြီး အခြား နိုင်ငံပေါင်းစုံမှ အပြောင်းအလဲကို လက်ခံ နေကြပေမယ့် မြန်မာနိုင်ငံ ထဲမှာ မနေတဲ့ ပြည်တွင်းဖြစ် အမေရိကန် သားများက မြန်မာနိုင်ငံအတွင်း မှာ ပြုပြင်ပြောင်းလဲမှုတွေ အခိုင်အမာမရှိသေးဘူး လို့ ဖင်ပိတ်ငြင်းနေတုန်းပဲ ရှိပါသေးတယ်။

ပြည်ပ နိုင်ငံခြားသားများကတောင် မြန်မာနိုင်ငံအပေါ် စီးပွားဖွင့်ပေးဖို့ တောင်းဆိုပေးနေပေမယ့် မြန်မာနိုင်ငံ သား စစ်စစ် တွေကတော့ ပိတ်ဆို့မှု ရုတ်သိမ်းခြင်းကို ကန့်ကွက်နေကြပါတယ်။ ဘယ်သူသေသေ ငတေ မာရင် ပြီးရော ဆိုပြီး ၎င်း တို့ အထောက်အပံ့နဲ့ စားသောက်နေထိုင်ဖို့အတွက် မြန်မာနိုင်ငံ တနိုင်ငံ တစ်နိုင်ငံလုံးကို စီးပွားပိတ်ဆို့ စေလိုသူများကို ထုတ်ဖော် ပြပါတယ်။

USCB အမေရိကန်ပြည်ထောင်စု အခြေစိုက် အစိုးရလုပ်သမျှ ဆန္ဒပြပြီး အထောက်အပံ့တောင်းစားနေသူ ညွန်ကြားရေးမှူး ဦးအောင်ဒင် (ခေါ်) စားဖားကြီး ကတော့ အခုလို အရေးယူမှုတွေ လျှော့ပေါ့ပေးတဲ့ ကိစ္စကို လက်မခံလူးလို့ ပြောပါတယ်။

"ကျနော်ကတော့ ဒီကိစ္စအပေါ်မှာ အပြင်းအထန် ကန့်ကွက်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ဧပြီလ ၄ ရက်နေ့က ရုပ်သိမ်းလိုက်ကတည်းက ကျနော်တို့က ကန့်ကွက်နေတာပါ" ပါလို့ ဦးအောင်ဒင် က ပြောပါတယ်။

ဘယ်သူသေသေ ငဒင် မာရင် ပြီးရော ဆိုပြီး ၎င်း တို့ အထောက်အပံ့တွေ မရမှာဆိုးလို့ မြန်မာနိုင်ငံကို စီးပွား ပိတ်ခဲ့သူ
ဦးအောင်ဒင် ဟာ မိသားစုနဲ့အတူ အမေရိကားမှာ တိုက်နဲ့ ကားနဲ့ ချမ်းသာနေသူဖြစ်ပြီး နိုင်ငံတော် ၂၀၁၁ ဂျွန်လ တုန်းကလည်း မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့မှု ပိုမို တင်းကျပ် ဖို့ တိုက်တွန်းခဲ့သူ ဖြစ်ပါတယ်။

No comments:

Post a Comment