ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, May 01, 2012

မြစ်ကြီးနားပူတာအိုလမ်းတွင် KIA မှငွေနှင့်ပစ္စည်းလုယူပြီး အမျိုးသမီးနှစ်ဦးကိုဖမ်းခေါ်သွား



မြစ်ကြီးနား-ပူတာအို ကားလမ်း မိုင်တိုင်အမှတ် ၆၃ တွင် ဧပြီလ ၂၄ ရက်နေ့ မနက် ၈ နာရီခွဲလောက်မှာ KIA အဖွဲ့မှ ကား ဆိုင်ကယ်များကို ရပ်ခိုင်းပြီး ခရီးသည်များထံမှ အဖိုးတန်လက်ဝတ်လက်စားများနှင့် ငွေကြေးများကို အတင်းအဓမ္မ လုယူသွားခဲ့ကြပါတယ်။ ဆွမ်ပရာဘွမ်ဆေးရုံမှ ခရီးသွားသူနာပြုဆရာမ နှစ်ဦးကိုလည်း ဖမ်းခေါ်သွားခဲ့ကြောင်း မြစ်ကြီးနားမှ သတင်းပေးပို့လာပါတယ်။
"လာသမျှဆိုင်ကယ်နဲ့ကားတွေကို တားတယ် ပါလာတဲ့ပိုက်ဆံနဲ့ အဖိုးတန်လက်ဝတ်လက်စားတွေကို ချွတ်ခိုင်းပြီး အကုန်ယူသွားတယ် ဆွမ်ပရာဘွမ်ဆေးရုံကသူနာပြုဆရာမနှစ်ယောက်ကိုတော့ မင်းတို့လို ဆရာမတွေ ငါတို့အတွက် အများကြီးလိုအပ်တယ်လို့ ပြောပြီး ဖမ်းခေါ်သွားကြတယ် အဖမ်းခံရတဲ့ဆရာမတွေက ငယ်ငယ်ပဲရှိသေးတယ်ဗျ သူတို့အတွက်တော့စိုးရိမ်စရာပါဘဲ" လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မြစ်ကြီးနားမြို့မှ ဦးဇော်လှိုင်က ပြေပြပါတယ်။ KIA ဖမ်းခေါ်သွားတဲ့ ဆရာမနှစ်ဦးမှာ ဒေါ်မော်စီတုထိန် နဲ့ မအေးအေးနွယ်တို့ဖြစ်ပါတယ်။
KIA မှ အကျအဆုံးများနေတာကြောင့် အမျိုးသားများကို မတရားဖမ်းခေါ်စုဆောင်းနေပြီး အမျိုးသမီးများကို အတင်းအဓမ္မသားမယားပြုကျင့်ပြီး ကေအိုင်အေဆေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ခိုင်းကြောင်း KIA အဖွဲ့မှ အလင်းဝင်လာတဲ့ တပ်ကြပ်ကျော်ဆန်းမှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

http://www.youtube.com/watch?v=eXe7sPyEW0Y&feature=player_embedded

No comments:

Post a Comment