ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, May 01, 2012

KIA ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ရထားလမ်းပြန်လည်ပြင်ဆင်ပြီးစီး



ဧပြီလ ၂၉ ရက်နေ့ က မန္တလေးမြစ်ကြီးနား ရထားလမ်း မိုင်တိုင် (၆၁၆/၁ နှင့် ၂ )ကြားမှ သံဘောင်ဘေလီတံတား နေရာတွင် KIA မှ ဗုံးခွဲတိုက်ခိုက်ခြင်းကြောင့် ရထားနှင့် ရထားလမ်းပျက်စီးသွားခဲ့ရပါတယ်။ ပျက်စီးသွားတဲ့ မီးရထားလမ်းပိုင်းကို မီးရထားအင်ဂျင်နီယာ အဖွဲ့မှ ၂၉ ရက်နေ့ မနက် ၅ နာရီမှ စတင်ပြင်ဆင်ခဲ့ပြီး မနေ့က နေ့လည် ၁ နာရီတွင် ရထားလမ်းပြင်ဆင်ပြီးစီးခဲ့ပါတယ်။ ရထားလမ်းပြန်ကောင်းလာခဲ့တဲ့အတွက် မိုးညှင်းဘူတာမှာ ရပ်ထားခဲ့တဲ့ ၃၈ အစုန် ရထားဟာ မိုးညှင်းမှ မန္တလေးမြို့၊ ၅၅ အဆန်ရထားဟာ မော်လူးဘူတာမှ မြစ်ကြီးနား၊ ၅၇ အဆန်ရထားဟာ နဘားဘူတာမှ မန္တလေးဘက်သို့ ဆက်လက်ထွက်ခွာသွားကြကြောင်း သိရပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့မှ ခရီးသွားပြည်သူများ စီးနင်းလိုက်ပါလာသည့်ရထားနှင့် ရထားလမ်းအား ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ယနေ့အထိ ၃၈ ကြိမ်ရှိပြီး ခရီးသွားပြည်သူများအဆင်ပြေစေရန် အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးခဲ့ရကြောင်း ရထားအင်ဂျင်နီယာ တစ်ဦးမှ ပြောပြခဲ့ပါတယ်။

No comments:

Post a Comment