ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, June 09, 2012

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် လူကုန်ကူးမှု ၁၂၀ မှု ဖော်ထုတ် နိုင်ခဲ့



From : MRTV4


ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အတွင်းမှာ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ အနေနဲ့ လူကုန် ကူးမှု အမှုပေါင်း ၁၂၀ မှုကို ဖော်ထုတ် နိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ
ဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ အခုလို လူကုန်ကူးမှု အမှုပေါင်း ၁၂၀ မှုကို ၂၀၁၁ ခုနှစ်ထဲမှာ ဖော်ထုတ် နိုင်ခဲ့ပြီး တရားခံ ၃၀၇ ဦးကို အရေးယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လူကုန်ကူး ခံရသူ ၁၅၄ ဦးကို ကယ်တင်ပြီး မိသားစုများနဲ့ ပြန်လည် ပေါင်းစည်း ပေးနိုင်ခဲ့ တယ်လို့ သိရပါတယ်။


ဒါ့အပြင် ၂၀၁၁ ခုနှစ် အတွင်းမှာ ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းကို အခြေပြုပြီး တရုတ် နိုင်ငံကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေး စီမံချက်ကို တိုင်းဒေသကြီး၊ ပြည်နယ် ၆ ခုမှာ ပြုလုပ်ခဲ့ ပါတယ်။ အဆိုပါ စီမံချက်အရ အရင်က တရုတ်နိုင်ငံကို ဦးတည်တဲ့ လူကုန်ကူးမှုဟာ တစ်နိုင်ငံလုံးမှာ ဖြစ်ပွားတဲ့ အမှုရဲ့ ၈၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

အထူး စီမံချက် ဆောင်ရွက်မှု အပြီးမှာတော့ ၆၉ ရာခိုင်နှုန်း အထိ လျော့ကျ သွားခဲ့တယ်လို့ သိရပါတယ်။ ဒါတင်မကဘဲ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အတွင်းမှာ လူကုန်ကူးမှု ဆိုင်ရာ ၀က်ဘ်ဆိုဒ် တစ်ခုကို ထူထောင်ခဲ့ပြီး လူကုန်ကူးမှုနဲ့ ဆက်စပ်တဲ့ ဥပဒေများ၊ စာချုပ်များ၊ သတင်း အချက်များ ကိုတော့ www. myanmarhumantrafficking.gov.mm မှာ ဖတ်ရှု လေ့လာ နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment