
From : ခေတ်လူငယ်ဗြိတိန်အစိုးရ၏ ဖိတ်ကြားမှုဖြင့် မြန်မာခေါင်းဆောင်းတစ်ဦး၏ ဆယ်စုနှစ်များစွာအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဗြိတိန်နိုင်ငံသို့ သွားရောက်လည်ပတ် တွေ့ဆုံမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ ပြောရေးဆိုခွင့်ရ အရာရှိတစ်ဦး က Reuters သတင်းဌာနကို အတည်ပြုပြောကြားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်မရွန်နှင့် မတွေ့ခင် အဆိုပါ သတင်းထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ “ဝန်ကြီးချုပ်ကိုယ်တိုင်းက သမ္မတဦးသိန်းစိန်ကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ လာမယ့် လအနည်းငယ်မှာ ဗြိတိန်ကို မြန်မာသမ္မတ ရောက်ရှိလာမှာဖြစ်ပါတယ်။ ဧပြီလတုန်းက မြန်မာနိုင်ငံကို ဝန်ကြီးချုပ် ကင်မရွန်း ရောက်ရှိခဲ့စဉ်က စတင်ခဲ့တဲ့ ဆွေးနွေးမှုတွေကို ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဆွေးနွေးမှုတွေဟာ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေကို ဦးတည်မှာဖြစ်ပါတယ်” ဟု မစ္စတာဒေးဗစ်ကင်မရွန်း၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးက ပြောကြားခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment