ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, June 24, 2012

နိုင်ငံတော် သမ္မတ ရုံး အဖွဲ့ဝင်များ ဝါရှင်တန် ဆွေးနွေးပွဲ တက်ရောက်



From : အေးမောင်
နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်း အရာရှိကြီး အချို့သည် အမေရိကန် ပြည်ထောင်စု၏ ဗဟို အစိုးရအဖွဲ့ မှ တာဝန်ရှိ သူ များနှင့် ဆွေးနွေးပွဲ တက်ရောက်ရန် ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်မြို့မှ အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီ သို့ ထွက်ခွာ သွားကြောင်း သမ္မတရုံးမှ တာဝန်ရှိ သူ အချို့ထံမှ သိရှိရသည်။

အမေရိကန်ပြည်ထောင်စု တွင် မြန်မာအစိုးရ သမ္မတရုံးမှ တာဝန်ရှိ သူများ သည် တရားဥပဒေ စိုးမိုးရေး နှင့် ကောင်းမွန်သော အုပ်ချုပ်မှု စနစ်တို့နှင့် ဆက်လျှင်း၍ ဆွေးနွေးမှုများ ပြုလုပ်ကြမည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သတင်းများ ရရှိ သည်။ အနောက်တိုင်းဆန်တဲ့ ဒီမိုကရေစီ ပုံစံဟာ မြန်မာနိုင်ငံအတွက် အန္တရာယ် ကြီးမားတယ် ဆိုပြီးမြန်မာနိုင်ငံနှင့် အိမ်နီးခြင်း တရုပ် နိုင်ငံပိုင် သတင်းစာက သတိပေး ရေးသားထားပါပြီ အလျှင်စလို ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်တာဟာ အစွန်းရောက်သူတွေကို အားပေးသကဲ့သို့ ဖြစ်နိုင်သည် ဟူ၍ဖော်ပြထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၏ ခရီးစဉ်အပြီး မြန်မာနိုင်ငံနှင့် အမေရိကန် နိုင်ငံ ကြား သံတမန် ဆက်သွယ်မှုများ နီးနီးကပ်ကပ် ပြုလုပ်လျှက်ရှိ ပြီး နှစ်နိုင်ငံ သံအမတ်ကြီးများထားရှိ ဆက်သွယ်မှု ပြုလုပ်ရန် သဘောတူထားပြီး ဖြစ် သည်။

No comments:

Post a Comment