ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, July 22, 2012

KIA တပ်ဖွဲ့မှ အဓမ္မလူသစ်စုဆောင်နေ ထွက်ပြေးသူအား သတ်နေ



၂၂ ဇူလိုင် ၂၀၁၂
          KIA တပ်ဖွဲ့ဟာ ယခုရက်ပိုင်းမှာ လူသစ်စုဆောင်းမှုတွေကို အသဲအသန်ပြုလုပ်နေပါတယ်။ ယခုလ ၂၀ ရက်နေ့ကလဲ မိုးမောက်မြို့နယ်၊ စိန်ဒုံးရပ်ကွက်မှာနေတဲ့ ဦးမာတန် အသက်(၄၅)နှစ်ခန့်နှင့် မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာမြို့မှာနေတဲ့ မောင်နိုင် အသက်(၃၅)နှစ်ဝန်းကျင်ရှိသူနှစ်ဦးကို ကချင်ပြည်နယ်မှာ လုပ်ကိုင်နေထိုင်ရင်းနဲ့ လိုင်ဇာမြို့ကိုသွားပြီး စက်သုံးဆီသွားရောက်ဝယ်ယူရာမှ အပြန်တွင် အတင်းအဓမ္မလူသစ် စုဆောင်းသွားခဲ့ပါတယ်။ KIA တပ်ဖွဲ့က လိုင်ဇာဂိတ်အနီးမှာ ဖမ်းဆီးပြီး KIA  တပ်သား အဖြစ် စုဆောင်းဖို့ KIA တပ်မဟာ(၅)ကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

          KIA တပ်မဟာ(၃)မှ တပ်ရင်း(၁၂)ဟာလဲ အဓမ္မလူသစ်စုမှုတွေပြုလုပ်နေတာကြောင့် မန်စီမြို့နယ်၊ နန်းဟန်ကျေးရွာ၊ ကောင်လွင်ရွာ၊ မိုင်းနောင်ရွာနှင့် အခြားရွာတွေမှာ နေထိုင်ကြတဲ့ လူငယ်/လူလတ်ပိုင်းတွေက အတင်းအဓမ္မလူသစ်စု ဖမ်းဆီးမခံရအောင်ဆိုပြီး ရွာအတင်း လုံခြုံစိတ်ချရတဲ့နေရာတွေမှာ ပုန်းအောင် နေရတယ်လို့  ရွှေကူမြို့နှင့် ဗန်းမော်မြို့များမှာ နေထိုင်တဲ့ နီးစပ်သူ ဆွေမျိုးသားချင်းထံကနေ သတင်းရရှိ ပါတယ်။
          ဒဂါဂဘွမ်(ဆိုင်းအောင်)ဒေသမှာ ဖွင့်လှစ်ထားတဲ့ KIAတပ်သားသစ်သင်တန်း အမှတ်စဉ်(၁၉)မှ တပ်သားသစ်နှစ်ဦးဖြစ်တဲ့ မောင်ယုံရှင်းနှင့်မောင်အိုက်စံ တို့နှစ်ဦးကိုလည်း သင်တန်းမှ အကြိမ်ကြိမ် ထွက်ပြေးလို့ဆိုပြီး KIAတပ်ရင်း(၃)ယာယီဌာနချုပ်မှာ ယခုလ(၁၅)ရက်နေက KIAတပ်သားသစ် သင်တန်းသားများသိရှိစေရန် စံနမူနာပြဆိုပြီး ရက်ရက်စက်စက် လူမဆန်စွာ သတ်ပစ်ခဲ့ပါတယ်။ သေဆုံးသွားတဲ့သူအတွက် ဇူလိုက် ၁၇ ရက်နေက ၄င်းမိသားစုများမှ အထက်ရှမ်းရွာဦးဂွမ်ဒီး၏နေအိမ်မှာ ဆုတောင်းမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

No comments:

Post a Comment