ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 16, 2012

ရိုဟင်ဂျာအရေး အာဆီယံမှ လေ့လာစောင့်ကြည့်



From : The Voice

အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ စူရင်းပစ် ဆူဝမ်သည် မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာ လူမျိုးများ၏ အရေးကိစ္စကို စိတ်ဝင်စားမှု ရှိကာ လေ့လာစောင့်ကြည့် နေကြောင်း အာဆီယံ အဖွဲကြီးက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်း ကျင်းပခဲ့သည့် အာဆီယံ ဒေသတွင်း ဆွေးနွေးပွဲ၌ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ စူရင်းသည် မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာ အရေးကို မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီး တို့ကို အစည်းဝေးတွင် တိုက်ရိုက် မေးမြန်းခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီး နှစ်ဦးစလုံးက ရိုဟင်ဂျာ လူမျိုးတို့၏ အခြေအနေနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ကြီးနှင့် ပူးပေါင်း ဆောင်ရွက်ပါမည် ဟုလည်း ကတိပြုခဲ့ကြကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ စူရင်းကို လွန်ခဲ့သော သုံးနှစ် ၂၀၀၉ ခုနှစ်က ရိုဟင်ဂျာ ကိစ္စနှင့် ပတ်သက်၍ စောင့်ကြည်လေ့လာပေးရန် နိုင်ငံခြားရေး ဝန်ကြီးများက တာဝန်ပေးခဲပြီး အာဆီယံ အတွင်းရေးမှူးချုပ်သည် ၎င်းကိစ္စနှင့် ပတ်သက်၍ နောက်ဆုံး အခြေအနေများကို လေ့လာ စုံစမ်းလျက် ရှိသည်။

"ကံမကောင်း အကြောင်းမလှရှာတဲ့ ဒီလူမျိုးတွေအတွက် မျက်စိဖွင့် နားစွင့် ပြီးထားပါမယ်" ဟု အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ စူရင်းက ပြောကြားသည်။

အာဆီယံ လူဦးရေ သန်း ၅၉၀ ၏ ၄၀ ရာခိုင်နှုန်းမှာ မူဆလင်လူမျိုးများ ဖြစ်ပြီး ယင်းလူဦးရေ အနက် အာဆီယံ စတင်ဖွဲစည်းရာတွင် ပါဝင်သည့် အင်ဒိုနီးရှားနှင့် မလေးရှား ပေါင်းလျှင် သန်း ၂၂၀ ခန့်ရှိနေသည်။ မြန်မာနိုင်ငံသည် အာဆီယံတွင် ထိုင်းနိုင်ငံပြီးလျှင် ပဉ္စမမြောက် မူဆလင် ဘာသာဝင် လူမျိုးများ နေထိုင်သော နိုင်ငံဖြစ်ပြီး ၂ သန်းခန့် အရေအတွက် ရှိနေသည်။

"အာဆီယံက မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဒီကိစ္စကို ဆွေးနွေးဖို့ ရှိပါတယ်" ဟု ၁၉ ကြိမ်မြောက် အာဆီယံ ဒေသတွင်း အစည်းအဝေး မတိုင်မီ ရက်ပိုင်း အာဆီယံ ဒေသတွင်း သတင်းစာဆရာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

No comments:

Post a Comment