ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 16, 2012

လူမျိုးခြား၊ ဘာသာခြားနှင့်လက်ထပ်သည့်  ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများအတွက် တ၇ား ဥပဒေက ပေးအပ်ထားသော အခွင့်အရေးများ


မြန်မာတို့သည် ရှေးနှစ်ပေါင်းများစွာကပင် ကိုယ့်မင်းကိုယ့်ချင်းဖြင့် အုပ်ချုပ်လာခဲ့သည်။ တရားစီရင် ရာတွင်လည်း ရာဇသတ်၊ ဓမ္မသတ်၊ ဖြတ်ထုံးတို့ဖြင့် မှုခင်းများကို စစ်ဆေးလာခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်သို့ကျရောက်ခဲ့သည့်အချိန်တွင်မူ ကိုလိုနီနယ်ချဲ့တို့သွတ်သွင်းလာသည့် ပြဌာန်းဥပဒေများဖြင့် အမှုများ စီရင်ဆုံးဖြတ်ကြသည်။ ပြစ်မှုဆိုင်ရာဥပဒေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေ၊ အမွေခံ အက်ဥပဒေ တို့မှာ ၄င်းတို့အိန္ဒိယနိုင်ငံမှတဆင့် ယူဆောင်လာသည့်ဥပဒေများဖြစ်သည်။ သို့သော် မြန်မာလူမျိုးတို့၏ အမွေဆက်ခံရေး၊ လင်မယားကွာရှင်းရေးတို့တွင်မူ ရှေးဓမ္မသတ်များဖြင့်သာ ဆုံးဖြတ်ခဲ့ကြသည်။ အချို့သောအမှုများတွင်သာ ဓမ္မသတ်မသဲကွဲသည်များကို ထိုခေတ်က အမြင့်ဆုံးတရားရုံးဖြစ်သည့် ပရီဗွီကောင်စီက ဆုံးဖြတ်၍ လမ်းညွှန်သဖွယ် ပြဌာန်းပေးခဲ့သည်။

မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအရ မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့်အတူအမွေခွဲဝေရေး၊ လင်မယားကွာရှင်းရေးစသည့် ကိစ္စများတွင် တန်းတူအခွင့်အရေးရှိသည်။ လင်နှင့်မယား နှစ်ဦးသဘောတူ ကွာရှင်းသည့်အချိန်တွင် တိုးပွားလာသော လက်ထက်ပွားပစ္စည်းများကို ညီတူညီမျှခံစားခွင့်ရှိသည်။သူငယ်ချင်းများ အတွက် အထူးမှတ်စေလိုသည်မှာ “သြရသ”ဆိုရာဝယ် သားကိုသာမက မိသားစု၌ မိခင်တာဝန်ကို ထမ်းရွက်နိုင်သူ သမီးကိုလည်းဆိုလို၍ ၄င်းသြရသအခွင့်အရေးကို ခံစားနိုင်သည်။ ထို့အပြင် လင်က မယားကို ကြီးလေးသောပြစ်မှုကျူးလွန်လျှင် လည်း ကွာရှင်းခွင့်တောင်းနိုင်၍ လင်ရရှိမည့်ဝေစုပါ ဆုံးရှုံးပါသည်။ ထို့အပြင် လင်သည် မယားအား ဓလေ့ထုံးထမ်းဥပဒေအရဖြစ်စေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရဖြစ်စေ မယားစရိတ်တောင်းဆိုက ထောက်ပံ့ရန်တာဝန်ရှိသည်။ ဤကား ဓလေ့ထုံးထမ်းဥပဒေအရ မြန်မာအမျိုးသမီးများအား အခွင့်အရေး အပ်နှင်းထားခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူ၍ အမြင့်ဆုံးအာဏာ (၃)ရပ်ရှိသည်။ ဥပဒေပြုရေးအာဏာသည် နိုင်ငံ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ဥပဒေ ပြဌာန်းပေးခြင်းဖြစ်သည်။ မြန်မာနိုင်ငံ သူ့ကျွန်ဘ၀ရောက်ရှိပြီးနောက် ၄င်းတို့ဓလေ့ထုံးထမ်းများ၊ ယဉ်ကျေးမှုများ၊ မြန်မာလူမျိုးတို့တွင် ခေတ်စားလာခဲ့သည်။ လူမျိုးခြား မျက်နှာဖြူများအပြင် အိန္ဒိယနွယ်ဖွား (ကုလား)မွတ်စလင်များ၊ ဟိန္ဒူများ မြန်မာနိုင်ငံအတွင်းသို့ တံခါးမရှိ၊ ဓါးမရှိ ဥဒဟိုဝင်ထွက်သွားလာခဲ့သည်။ ၄င်းတို့အနက် အချို့မှာ မြန်မာလူမျိုး မိန်းကလေးများနှင့် အိမ်ထောင်ပြု၍ အခြေချနေထိုင်ခဲ့ကြသည်။ ၄င်းလူမျိုးခြားများ ကွယ်လွန်သည့်အခါ ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးများအတွက် အမွေဆက်ခံရေး ပြဿနာဖြစ်လာသည်။ ဗုဒ္ဓဘာသာ(မြန်မာ)ဓလေ့ထုံးထမ်းဥပဒေအရ မည်သည့်ဘာသာဝင်နှင့်လက်ထပ် သည်ဖြစ်စေ အမွေဆက်ခံခွင့် မဆုံးရှုံးပါ။ သို့သော် ကျန်ဘာသာခြားများက ၄င်းတို့ဘာသာဥပဒေအရ ဘာသာခြားနှင့်လက်ထပ်သူများမှ ဘာသာကူးပြောင်းမှ အမွေဆက်ခံခွင့်ရှိသည်။ အကယ်၍ မြန်မာ ဗုဒ္ဓဘာသာမိန်းမများမှာ မူရင်းဗုဒ္ဓဘာသာကိုးကွယ်ပါက သားသမီးတစ်ကျိတ်ပင်ရပါစေ၊ မြေးမြစ်များပင် ရပါစေ အမွေဆက်ခံခွင့်ဆုံးရှုံးရပါသည်။ သို့ဖြစ်၍ ကိုလိုနီခေတ်တွင် အချို့သောမြန်မာအမျိုးသမီးများမှာ စားဝတ်နေရေးပြဿနာကြောင့် ဘာသာခြားများနှင့် အိမ်ထောင်ပြုကြရသည်။ ထိုအခါ ၄င်းလူမျိုးခြားများ၏ တရားဝင်ဇနီးမယားဖြစ်စေရန်အတွက် မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများမှာ အဖိုးတန်ယုံကြည်မှုကို

ကူးပြောင်းရတော့သည်။ တစ်နည်းအားဖြင့် အဆိုပါအမျိုးသမီးများမှ ဆင်းသက်လာသော သားစဉ် မြေးဆက်တို့မှာ ဘာသာခြားများဖြစ်ကြတော့သည်။

ဘာသာခြားများနှင့် လက်ထပ်ရသည့် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ၏ အခြေအနေဆိုးကို ကာကွယ်ထိန်းသိမ်းရန် အလို့ငှာ ၁၉၃၉ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပဒေအမှတ် ၂၄ အရ “ဗုဒ္ဓဘာသာဝင် မိန်းမများ” အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကိုပြဌာန်းပေးခဲ့သည်။ သို့သော်လည်း ထိုဥပဒေမှာ ဒုတိယကမ္ဘာစစ်ကြောင့် လူသိနည်း၍ ကျင့်သုံးနိုင်မှုမရှိသောကြောင့် တစ်စုံတစ်ရာ အကျိုးမရှိခဲ့ပါ။ ကိုလိုနီခေတ်က ပြဌာန်းခဲ့သော ဥပဒေမှာ အကျိုးသက်ရောက်မှု မရှိခဲ့၍ “၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဥပဒေ”ကို လွတ်လပ်ရေးရပြီးနောက် ပြဌာန်းပေးခဲ့သည်။ ထိုဥပဒေကို ၁၉၅၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် ၁၉၅၄ ခုနှစ်၊ အက်ဥပဒေအမှတ် ၃၂ ဖြင့် ပြဌာန်းပေးခဲ့သည်။ ထိုဥပဒေပုဒ်မပေါင်း ၃၁ ခုပါရှိသည်။

ထိုအက်ဥပဒေပုဒ်မ ၂၀၇(၁)တွင် “ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ယောကျာ်းတစ်ဦးနှင့် ဗုဒ္ဓဘာသာ ၀င် မိန်းမတစ်ဦးတို့ ပေါင်းဖက်နေထိုင်ပြုမူကြပုံသည်။ အကယ်၍ ထိုသူနှစ်ဦးစလုံး ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးချည်းဖြစ်စေသော် မြန်မာဓလေ့ထုံးထမ်းဥပဒေ (ဓမ္မသတ်)အရ လင်မယာအရာမြောက်မည့် ပေါင်းဖက်နေထိုင်ပြုမှုကြပုံမျိုးဖြစ်လျှင် ထိုသူတို့သည် ထိုသို့ပေါင်းဖက်ကပင် ထိမ်းမြားခဲ့ရသည်ဟုလည်း မှတ်ယူရမည်” ဟု ပြဌာန်းထားသည်။

အကျယ်ရှင်းပါမည် ။

ထိုပြဌာန်းချက်အရ ဘာသာခြားနှင့်လက်ထပ်သူ ဗုဒ္ဓဘာသာမြန်မာမိန်းမများသည် ဘာသာ ကူးပြောင်းရန် မလိုဘဲ အမွေဆက်ခံခွင့်ရှိပါသည်။

ထို့အပြင် လက်ထပ်သူများသည် ဤအက်ဥပဒေအရ ခန့်ထားသည့် မှတ်ပုံတင်အရာရှိထံ မှတ်ပုံတင်ရပါမည်။ ယခင် ပြည်သူ့တရားသူကြီးအဖွဲ့လက်ထက်တွင် ပြည်နယ်တရားရေးဦးစီးမှူး၊ တိုင်းတရားရေးဦးစီးမှူး၊ မြို့နယ်တရားရေးဦးစီးမှူးတို့သည် မှတ်ပုံတင်အရာရှိများဖြစ်ကြသည်။ ယခုအခါ ပြည်နယ် (သို့) တိုင်းဒေသကြီး တရားသူကြီး၊ ခရိုင်တရားသူကြီးတို့အား မှတ်ပုံတင်အရာရှိအဖြစ် ခန့်အပ်တာဝန် ပေးထားပါသည်။

ထိုအက်ဥပဒေပုဒ်မ ၂၀(၂)အရ လင်မယားစတင်ပေါင်းသင်းခဲ့သည့်နေ့မှစ၍ မည်သည့်အခါတွင် မဆို ဤဥပဒေအရ မှတ်ပုံတင်နိုင်သည်။ သို့ဖြစ်၍ ဘာသာခြားယောကျာ်းများနှင့် မြန်မာအမျိုးသမီးများ၏ လက်ထပ်ရေးသည် တရားဝင်ဖြစ်လာပါသည်။ အခြားဘာသာက မည်သို့ပင်သတ်မှတ်ပြဌာန်းစေကာမူ ယခုအက်ဥပဒေသည် အခြားဥပဒေအရ ပြဌာန်းချက်ကို လွှမ်းမိုးသည်ဟု ယူဆပါသည်။ ထိုအက်ဥပဒေပုဒ်မ ၂၅(၁)တွင် လင်မယားကွာရှင်းမှုကိစ္စ၊ ပစ္စည်းခွဲဝေမှုကိစ္စ၊ သားသမီး ထိန်းသိမ်းမှုကိစ္စများတွင် မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအရ ဆုံးဖြတ်ရန်ဖြစ်ကြောင်း ပါရှိသည်။ ထိုပုဒ်မ ခြွင်းချက်တွင် အကယ်၍ ဘာသာခြားယောကျာ်းဖြစ်သူသည် ဘာသာရေးအကြောင်းကြောင့် မိမိ၏ ဗုဒ္ဓဘာသာဝင်မယားကို ကွာရှင်းလိုလျှင် (သို့) စွန့်ခွာလိုလျှင် (သို့) ကိုယ်ထိလက်ရောက်ညှဉ်းပန်းခြင်း၊ ရက်စက်သည့်အပြုအမူအားဖြင့် စိတ်ဆင်းရဲအောင်ပြုလျှင် . . .

၁။ ထိုယောကျာ်းသည် နှစ်ဦးပိုင်ပစ္စည်းများမှ မိမိရထိုက်သော အစုကို စွန့်ရမည့်အပြင် ထိုမိန်းမအား လျော်ကြေးပေးရမည်။

၂။ မိန်းမသည် သားသမီးအားလုံးထိန်းသိမ်းခွင့်ကိုရရှိရမည်။

၃။ ထိုသူသည် အရွယ်မရောက်သေးသည့် ကလေးများအတွက် ကလေးစရိတ်ပေးရမည်။

ဤကား မြန်မာအမျိုးသမီးများအတွက် ဥပဒေပြဌာန်းချက်ဖြင့် အကာအကွယ်ပေးထားသည်။ ထိုဥပဒေပုဒ်မ (၂၆)တွင် “ဤအက်ဥပဒေအရ ထိမ်းမြားကြသူတို့၏ (သို့) ထိမ်းမြားခဲ့ကြသည်ဟု မှတ်ယူခြင်းခံရသူတို့၏ အမွေဆက်ခံမှုနှင့် စပ်လျဉ်းသည့် ကိစ္စအားလုံးကို ထိုသူတို့နှင့် ထိုသူတို့၏ မိသားစုအားလုံးသည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးချည်းဖြစ်သကဲ့သို့ ဗုဒ္ဓဘာသာဓမ္မသတ် (မြန်မာ့ဓလေ့ ထုံးတမ်း) ဥပဒေအရ ဆုံးဖြတ်ရမည်”ဟု ပြဌာန်းထားသည်။

ဗုဒ္ဓဘာသာဝင်ဇနီးတစ်ဦးနှင့် သားတစ်ဦး၊ အခြားအမျိုးသမီးနှင့်ရသော ဘာသာခြာ်းသားတစ်ဦး ရှိသည့်အနက် ဘာသာခြာ်းသားတစ်ဦးတည်းသို့သာ သေတမ်းစာဖြင့် မြေနှင့်အိမ်ကို ပေးအပ်ခွင့် မရှိကြောင်း၊ အမွေရှင် မကွယ်လွန်မီ သေတမ်းစာကို ရေးသားခြင်းမှာ မြန်မာ့ဓလေ့ထုံးထမ်းဥပဒေနှင့် ဆန့်ကျင်၍ တရားမ၀င်ပေ။

ဘာသာခြား ယောကျာ်းလေးနှင့် ပေါင်းသင်း၍ရသော သားသမီးများ အမွေခွဲရာတွင် မြန်မာဓလေ့ထုံးတမ်းဥပဒေ ၄ အရ အခြားတည်ဆဲတရားဥပဒေ (သို့) တရားဥပဒေကဲ့သို့ အာဏာရှိသော ဓလေ့ထုံးစံများနှင့် ဆန့်ကျင်စေကာမူ ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ထိုမိန်းမ၏ ဘာသာခြားလင်ယောကျာ်းပေါ်၌ အာဏာသက်ရောက်ရမည်ဟု ပါရှိသည်။ သို့ဖြစ်၍ အခြားဘာသာရေးထုံးတမ်းဥပဒေအရ မြန်မာအမျိုးသမီးများသည် ဘာသာခြား ယောကျာ်းများ၏အမွေကို ဆက်ခံရုံသာမက ၄င်းတို့မှမွေးဖွားသော သားသမီးများပါ အကျိုးခံစားခွင့် ရှိပါသည်။

အေ၇းကြီးဆုံးမှာ ယခု ဥပဒေ အ၇ မှတ်ပုံတင်ထား၇န်ပင်ဖြစ်သည်။

သို့ဆိုလျှင် ယနေ့  မြန်မာ အမျိုးသမီးများ ၇င်ဆိုင်နေကြ၇သည့် အဖြစ်များကား မည်သို့ နည်းဟု မေးစ၇ာ၇ှိပါ၏။ အဖြေကို ဥာဏ်မီသလောက် ပြောပြပါမည်။

ပထမဆုံး တ၇ားဥပဒေ စိုးမိုးေ၇း ၇ှိခြင်း ၊ မ၇ှိခြင်း ပင်ဖြစ်သည်။ အဘယ်တ၇ား၇ုံးက အဘယ်သို့ သော တ၇ားသူကြီးများ သည် အဘယ်သို့  စီ၇င်သည်ကို ကိုယ်တွေ့ မဟုတ်သဖြင့် ဘာမှ မပြောလိုပါ။ လူတွေကြားထဲတွင်တော့ သတင်းမွှေးပြီးဖြစ်ပေသည်။ ထို့ ပြင် ကိုယ့်ဝမ်း ၀ဖို့  အတွက် ကိုယ့်ယုံကြည်ချက်ကို စွန့် ပြီး သူများဆီတွင် ဒုတိယ မယား အဖြစ် နေလိုသည်ဆိုကတည်းက ၄င်း၏ intel ကို ခန့် မှန်းကြည့်နိုင်သည်။ ထို့ ပြင် မြန်မာ လူမျိုး အများစုသည် ၇ုံးတို့ ဂါတ်တို့  ၇ဲစခန်းတို့ ဆိုလျှင် သေမလောက်ကြောက်တတ်ပေသည် ။ သို့ ဖြစ်ပေ၇ာ ကိုယ့်နိုင်ငံတွင် ကိုယ့်အတွက် မည်သို့ေ သာ ဥပဒေ က မည်သို့  အကာအကွယ်ပေးထားသည်ကို မလေ့ လာအား ။ သိထားသောေ၇ှ့ နေတို့  ( အချို့ ပဲ ဆိုပါတော့ဗျာ)ကလည်း ကိုယ့် လူမျိုးချင်း သွေး စည်းေ၇းထက် -------- ------ ဆက်မပြောချင်တော့ ပါ၊ ’ ကျတော်တို့ နိုင်ငံ ကို ဘောင်းဘီ အစုတ် ၊ အင်္ကျီ အစုတ်နှင့် ၀င်လာပြီး ၀က်သတ် ၊ ဒန်အိုး ဒန်ခွက်ေ၇ာင်းခဲ့ ၇သော လူများမှာ တိုက်ကြီးများပေါ်ေ၇ာက်ကုန်ပါပီ ။ (ဆက်ပြောမိပါက လူမျိုးေ၇း ပါသွားမှာစိုးသောကြောင့်  အဆင်ပြေသလို သာ တွေး ကြည့်ကြပါ)

No comments:

Post a Comment