ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, August 08, 2012

ဗိုလ်လုပွဲတွင် ဂျပန်နှင့် ပြန်လည် ဆုံတွေ့ဦးမည့် အမေရိကန် အမျိုးသမီး ဘောလုံးအသင်း

from :mya wady

သြဂုတ် ၆ ရက်က ကျင်းပသော လန်ဒန်အိုလံပစ် အမျိုးသမီး ဘောလုံး ပြိုင်ပွဲတွင် အမေရိကန် အသင်းသည်  ကနေဒါ အသင်း အား ၄ ဂိုး-၃ ဂိုးဖြင့်  အနိုင် ရရှိ ခဲ့ ကြောင်းသိ ရသည်။
အဆိုပါ ပွဲစဉ်တွင် ကနေဒါ အသင်း၏ အသင်း ခေါင်းဆောင် ခရစ္စတင်း ဆင်က လဲယား သည် ၎င်း အသင်း အတွက် ဟတ်ထရစ် ရအောင် ဖန်တီး ပေးနိုင်ခဲ့ သော်လည်း အမေရိကန် အသင်းကို မကျော် နိုင်ခဲ့ပေ။

၎င်း ပွဲစဉ် ၌ နှစ်ဖက်အသင်း နှစ်သင်းလုံး ပွဲချိန် မိနစ် ၉ဝ ကုန်ဆုံးသည် အထိ ၃ ဂိုး-၃ ဂိုးဖြင့် သရေကျ နေခဲ့ပြီး  အချိန်ပို မိနစ် ၃ဝ အပြီး နာကျင် အချိန်ပိုတွင် အမေရိကန် အသင်း အတွက် အနိုင်ဂိုးကို ပွဲတစ်လျှောက်လုံး  ဂိုးရရှိ ရေးအတွက် ဖန်တီးပေး ခဲ့သော မော်ဂန်က ခေါင်းတိုက် သွင်းယူ ပေးခဲ့ကြောင်း သိရသည်။  

ထို့ကြောင့် အမေရိကန် အသင်းသည် ဗိုလ်လုပွဲ ၌ ဂျပန် အသင်းနှင့် ယှဉ်ပြိုင် ကစားရ မည်ဖြစ်သည်။ အမေရိကန် အသင်းသည် ပြီးခဲ့သည့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲတုန်း ကလည်း ဂျပန် အသင်းနှင့် တွေ့ဆုံခဲ့ဖူး ကြောင်း သိရသည်။      

No comments:

Post a Comment