ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, August 08, 2012

မန်ယူသို့ ထွက်ခွာရန် ဟန်ပြင်နေသည့် ဗန်ပါစီကို ခေါ်ယူရေး နည်းပြ မန်စီနီလက်လျှော့

from:  mya wady

အာဆင်နယ် အသင်း ခေါင်းဆောင် ဗန်ပါစီ သည် အိုးထရက် ဖို့ဒ်သို့ သွားတော့မည့် လမ်းကြောင်းကို ရှင်းရှင်း လင်းလင်း တွေ့မြင် နေရသော ကြောင့် မန်စီးတီး နည်းပြ မန်စီနီ အနေဖြင့် ၎င်းကို ခေါ်ယူရေး နှင့် ပတ်သက် ၍  တပ်ပြန် ခေါက်ထား ကြောင်း သိရသည်။ 
ဗန်ပါစီသည် အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုရေးကို ငြင်းဆိုထားပြီး ဖြစ်သော်လည်း ၎င်းအား စည်းရုံး သိမ်းသွင်း ခေါ်ယူရေးကို နည်းပြ မန်စီနီက လုံးဝလက်လျှော့ လိုက်ပြီဖြစ်သည်။

ဗန်ပါစီသည် မိမိတို့ အသင်းသို့ လာလိမ့် မည်ဟု မထင်ကြောင်း မန်စီနီက ပြောကြား ထားသည်။ သို့သော် မန်ယူ နှင့် အီတလီ အင်အားကြီး ကလပ် အသင်း တစ်သင်း ဖြစ်သော ဂျူဗင်တပ် အသင်း တို့သည် အဆိုပါ တိုက်စစ်မှူး ကို ပေါင်သန်း ၃ဝ နှုန်းဖြင့် ခေါ်ယူရန် ကြိုးပမ်းလျက် ရှိကြပြီး မန်ယူအသင်း သည် ၎င်း ကစား သမားကို ခေါ်ယူရေး အတွက် အခွင့်သာလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment