ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, September 15, 2012

ကလေးမြို့၊ သမ္မတထောက်ခံပွဲ အောင်မြင်

 ယခုနှစ် ဇွန်လ (၈) ရက်နေ့မှ စတင်ဖြစ်ပွားခဲ့တဲ့၊ ဘင်္ဂါလီအကြမ်းဖက်သမားတို့ရဲ့ အကြမ်းဖက်မှုနှင့်ပက်သက်ပြီး နိုင်ငံတော်သမ္မတကြီး ဦး သိန်းစိန်ရဲ့ရပ်တည်ချက်ကိုထောက်ခံသည့် ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ ၁၃-၉-၂၀၁၂ ရက် ၁၃၇၄ ခု ဝါခေါင်လဆုတ် (၁၂) ရက် ကြာ သာပတေးနေ့ မွန်းတည့် (၁၂) နာရီမှာ ကျင်းပခဲ့ကြောင်းသိရပါတယ်။
မနက် (၁၁) နာရီမှာ ကလေးမြို့၊ မင်္ဂလာဥယျာဉ်စာသင်တိုက်မှာ လူစုကြပြီး မွန်းတည့် (၁၂) နာရီမှာ ၎င်းကောင်းကျောင်းတိုက်မှ စတင် ထွက်ခွာခဲ့ကြတာပါ။ စီတန်းလမ်းလျှောက်ခွင့်ရတာ အယောက် (၁၀၀) သာဖြစ်သော်လည်း သံဃာများ၊ ပြည်သူများ၊ နောက်မှလိုက်ပါ လှည့်လည်ကြတာကြောင့် လုံခြုံရေးများက ဦးဆောင်သူ မိုက်ကယ်ဝင့်ကျော် (ဦးဝင့်ကျော်) ကို ခေါ်ယူသတိပေးခဲ့ကြပါသေးတယ်။ မိုက် ကယ်ဝင့်ကျော်က သူတို့လိုက်ပါမှုကို မတားမြစ်နိုင်ကြောင်းပြန်ပြောမှ ခရိုင်ရဲမှူးက ကြိုးဝိုင်း (၁၀၀) ၏လုံခြုံရေးကို ကျွန်တော်တို့ တာဝန်ယူ မယ်။ သံဃာတော်များနှင့် အခြားရပ်မိ/ရပ်ဖများက နောက်ပါအင်အားရဲ့လုံခြုံရေးကို ကူညီဆောင်ရွက်ပေးကြပါလို့ ညှိပေးတဲ့အတွက် သံ ဃာတော်များနှင့်လူများ လွတ်လပ်ငြိမ်းချမ်းစွာ လိုက်ပါခွင့်ရခဲ့ကြောင်းလည်း သိရပါတယ်။
ရှေ့ဆုံးမှ ချင်းတိုင်းရင်းသားများက နိုင်ငံတော်အလံကိုင်ကာ ချီတက်လာပြီး သမ္မတအင်္ကျီတီရှပ်များ ဝတ်ဆင်ထားသည့် တူညီဝတ်စုံရှင်များက ဗီနိုင်းများ ကိုင်ဆောင်ကာ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ကြိုးဝိုင်း (၁၀၀) နောက်မှ သံဃာများ လှည့်လည်ပါဝင်ခဲ့ကြ ကြောင်း၊ ထိုသံဃာများတွင် ဝိသုဒ္ဓါရုံကျောင်းတိုက်မှ စာချဆရာတော်(၃)ပါးနှင့် သံဃာအပါး (၅၀)၊ မင်္ဂလာဥယျာဉ်စာသင်တိုက်မှ သံဃာ ကုန်၊ ချမ်းမြေ့အောင်စည်စာသင်တိုက်နှင့် မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတိုက်များမှ သံဃာများပါဝင်ကြောင်း၊ စုစုပေါင်းသံဃာအင်အားကြီး (၂၀၀) ခန့်ရှိကြောင်း၊ နေသာပရိယတ္တိစာသင်တိုက်မှ ဆရာတော်ဦးဓမ္မိက ကိုယ်တိုင် ရေဗူးများ၊ အအေးဗူးများ လှူဒါန်းကြောင်းလည်း သိရ ပါတယ်။

သံဃာတန်းနောက်မှ ပြည်သူများဟာ အနယ်အရပ်ရပ်မှ မော်တော်များ၊ လှည်းများ၊ ထော်လာဂျီများ၊ ကားများဖြင့် ကုန်းတစ်တန်ရေတစ်မှ လာရောက်အားပေးကြခြင်းဖြစ်ကြောင်း၊ ကလေးသူငယ်၊ ကျောင်းသားကျောင်းသူများနှင့် အလွှာအသီးသီး အရွယ်အသီးသီးမှ ပြည်သူ များအပြင် ဝန်ထမ်းများလည်းပါဝင်ကြကြောင်း၊ နောက်ပါ လူထုအင်အားချည်း ကိုးထောင်ကျော်မှ တစ်သောင်းထိရှိကြောင်းလည်း သိရပါ တယ်။

အဆိုပါ ဆန္ဒဖော်ထုတ်ကြသူများဟာ ကလေးမြို့၊ မင်္ဂလာဥယျာဉ်ကျောင်းတိုက်မှ မွန်းတည့် (၁၂) နာရီမှာ စတင်ထွက်ခွါလာရာ ပင်လုံလမ်းမ တော်မှ မင်္ဂလာဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်ကြေးရုပ် (အဝိုင်း) လမ်းဆုံမှ မင်္ဂလာဥယျဉ်ကျောင်းသို့ ပြန်ကျော့ခဲ့ကြောင်း၊ ဦးဆောင်သူများက မိုက်ပုံးဖြင့် လမ်းတစ်လျှောက်လုံး မိန့်ခွန်းပြောကြားကြောင်း၊ လမ်းဘေးဝဲယာမှ အင်တိုက်အားတိုက်အားပေးကြသော ပြည်သူလူထုကြီးက လက်ခုပ်လက်ဝါးတီးပြီး တစ်ခဲနက် အားပေးကြကြောင်း၊ ဆေးရုံကြီးထောင့်တွင် ခဏရပ်နားကြကြောင်း၊ လုံခြုံရေးရဲမှူးများကလည်း ကြိုတင်၍လမ်းရှင်းပေးထားကြောင်း၊ ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုကျော်သူစိုးက သမ္မတထောက်ခံပွဲ ကျင်းပရခြင်းနှင့် ပတ်သက်ပြီး ပြည်သူ လူထုကို ရှင်းပြရာ လူထုကြီးက ညာသံပေးပြီးလက်ခုပ်လက်ဝါးတီးကြကြောင်း မင်္ဂလာဥယျာဉ်ကျောင်းသို့ ရှေ့ဆုံးတန်းက ပြန်ဝင်ချိန်မှာ လူတန်းကြီးက စာရင်းစစ်ရုံးမှာပင် ရှိသေးကြောင်းလည်း သိရပါတယ်။

ကလေးမြို့၊ ဆန္ဒပြပွဲအတွက် ဦးဆောင်လျှောက်ထားသူမှာ ဦးဝင့်ကျော် (မိုးက်ကယ်ကျော်ဝင့်ကျော်-၈၈) ဖြစ်ပြီး အခြားဦးဆောင်သူ နှစ် ဦးမှာ ကိုကျော်သူစိုးနှင့် မနီနီမွှေးတို့ဖြစ်ကြောင်း၊ အင်အား (၂၀၀) တင်ပြရာ (၁၀၀) သာရရှိကြောင်း၊ လှည့်လည်ချိန်လေးနာရီ တင်ပြရာ သုံးနာရီရကြောင်း၊ မည်သည့်ပါတီအမှတ်အသားမျှ သုံးစွဲခွင့်မပြုကြောင်း၊ အသက်ရှစ်ဆယ်ကျော်အရွယ်ရှိ ဒေါ်စောမြသန်း (အဖွားစော) တစ်ယောက်သာ ဝင်ဆင်မြဲပင်နီအင်္ကျီဖြင့် အစပထမတွင် ထိုင်အားပေးကြောင်း၊ နောက်ပိုင်းတွင် ဆိုက္ကားဖြင့် လှည့်လည်ပါဝင်လာကြောင်း၊ အမြင်မတော်၍ ကားပေါ်တင်ခေါ်၍ ကားဖြင့်လိုက်ပါခွင့်ပေးထားကြောင်းနှင့် လုံခြုံရေးဆိုင်ကယ်တွေလည်း တူညီဝတ်စုံများဝတ်ဆင်ပြီး စည်းစနစ်ကျစွာ လမ်းရှင်းပေးကြကြောင်းလည်း သိရပါတယ်။

ဆန္ဒပြသူများနှင့် နောက်လူထုကြီးဟာ သမ္မတကြီးကိုမေတ္တာပို့ခြင်း၊ ကမ္ဘာမကြေ- နိုင်ငံတော်သီချင်း သီဆိုကြခြင်း၊ အမိမြန်မာပြည်ကို ကာ ကွယ်ပါ- ကြွေးကြော်သံများ ရွတ်ဆိုခြင်းများဖြင့် ထက်သန်နိုးကြားသော အမျိုးသားရေး စိတ်ဓာတ်အပြည့်အဝဖြင့် အင်တိုက်အားတိုက် ပါဝင်ဆင်နွှဲကြကြောင်း၊ အင်အားပြအဖွဲ့ (၁၀၀) ထဲမှာလည်း NLD ပါတီဝင်များ ပါဝင်ကြောင်းလည်း တွေ့ရပါတယ်။

လူထုပရိသတ်ကြီးကို ကိုကျော်သူစိုးက မိန့်ခွန်းပြောရာမှာ သမ္မတကြီးက UNHCR မှ မစ္စတာအန်တိုနီယိုအား ပြောကြားသော စကားသုံးခွန်း ကိုလက်ကိုင်ထားပြီး သမ္မတထောက်ခံပွဲပြုလုပ်ခြင်း ဖြစ်ကြောင်း- ပြောပြတာကို တွေ့ရပါတယ်။

ညနေ သုံးနာရီကျော်မှာ မင်္ဂလာဥယျာဉ်ကျောင်းသို့ ပြန်ရောက်တဲ့အခါ ပရိသတ်များလို့ ကျောင်းဝင်းမဆန့်ဘဲ ဖြစ်ခဲ့ရကြောင်း၊ ဦးဆောင် လျှောက်ထားသူ မိုက်ကယ်ဝင့်ကျော်ဟာ ကြွက်တက်နေလို့ ဆေးကုသမှုခံယူနေသောကြောင့် မိန့်ခွန်းမပြောနိုင်ကြောင်း၊ ကိုကျော်သူစိုးနှင့် မနီနီမွှေးတို့ကပဲ မိန့်ခွန်းပြောကြကြောင်း၊ ဦးဆောင်သူများ၊ ဆန္ဒပြသူများ၊ စီတန်းလှည့်လည်သူများနှင့် ပြည်သူလူထုကြီးက ကမ္ဘာမကြေ နိုင်ငံတော်သီချင်းကို အားနှင့်မာန်နှင့် ပြိုင်တူသီဆိုကြပြီး၊ “အမိမြန်မာပြည်ကို ကာကွယ်ကြပါ”ဟု သုံးခေါက်ပြိုင်တူဆိုကာ လူထုဆန္ဒဖော် ထုတ်ပွဲကို အောင်မြင်စွာရုပ်သိမ်းနိုင်ခဲ့ကြောင်း သိရပါတယ်။

အခမ်းအနားအပြီးမှာ မင်္ဂလာဥယျာဉ်စာသင်တိုက် လက်ထောက်နာယကဆရာတော် ဦးဝိမလက ကြွရောက်အားပေးကြတဲ့ ရဟန်းရှင် လူပြည်သူများနှင့် ပါဝင်ဆင်နွှဲသူများကို ကျေးဇူးတင်ကြောင်း၊ လုံခြုံရေးဝန်ထမ်းအားလုံးကို လည်း အထူးကျေးဇူးတင်ကြောင်း မိန့်ကြားခဲ့ပြီး၊ လုံခြုံရေးအရာရှိများကလည်း စည်းစနစ်ကျနစွာနှင့် ငြိမ်းချမ်းအောင်မြင်ခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်မိကြောင်း လျှောက်ထားခဲ့ကြောင်း သိရပါတယ်။

ဒီထောက်ခံပွဲကြီးကို ပါတီ၏ဦးဆောင်မှုဖြင့်ပြုလုပ်ခြင်းမဟုတ်ဘဲ နိုင်ငံသား ပြည်သူတို့၏ဦးဆောင်မှုဖြင့်သာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဦး ဆောင်သူ ကိုကျော်သူစိုးက ရှင်းပြခဲ့ပါတယ်။

ကလေးမြို့၊ ဆန္ဒဖော်ထုတ်ပွဲကြီး အောင်မြင်စွာပြီးဆုံးခဲ့တာနှင့် ပတ်သက်ပြီး ကိုကျော်သူစိုးက …

“ကျွန်တော်တို့ ပြည်သူလူထုမှာ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရှိတယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တယ်။ အခုဆန္ဒဖော်ထုတ်ပွဲဟာ နိုင်ငံနှင့်လူမျိုးအတွက် အပေါင်းလက္ခဏာဆောင်တဲ့ပွဲပါ။ ပြည်သူတွေ ဆန္ဒဖော်ထုတ်ရဲ့ဖို့ ပျိုးထောင်ခြင်းလည်း ဖြစ်ပါတယ်။ ပြည်သူတွေ စည်းကမ်းသေဝပ်မှု စည်းလုံးညီညွှတ်မှုရှိကာတွေ့ရတော့ ဝမ်းသာပီတိဖြစ်မိတယ်လို့” ဆိုပါတယ်။

အင်အားပြတစ်ရာတွင်ပါဝင်သော မတင်ထွေး (NLD) ကလည်း အခုလို ပြောပြပါတယ်။

“ကျွန်မတို့- ဘာသာ သာသနာနှင့် မြန်မာပြည်အရေး လုပ်ခွင့်ရလို့ ကျေနပ်မိတယ်။ ထင်ထားတာထက် ပိုအောင်မြင်လို့လည်း ဝမ်းသာမိတယ်”

မန္တလေးမြို့ပြီးရင် ကလေးမြို့ဟာ အမျိုးသားအောင်ပွဲရဲ့ ဒုတိယမြို့တော် ဖြစ်သွားပါပြီ။ ကလေးကလေး အထင်မသေးနဲ့၊ ကလေးဆိုပေမယ့် ကလေးကလည်း အမျိုးသားရေးသွေးမအေးဘူးဆိုတာကို ကမ္ဘာသူ ကမ္ဘာသားများအား သိစေလိုကြောင်းပါခင်ဗျာ။

No comments:

Post a Comment