ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, September 10, 2012

ပုသိမ်ပွင့်လင်းရုံးခမ်းဖွင့်ပွဲ

ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း ( ပုသိမ် ) ရုံးဖွင့် ပွဲအခမ်းအနားကို ၉ . ၉ . ၂၀၁၂ နေ့ နံနက် ၁၀း၀၀ နာရီ တွင် အခန်းအနား အစီအစဉ် ( ၅ ) ရပ်ဖြင့် ဖွင့်လှစ်ပါသည်။
အခန်းအနားသို့ ဧရာဝတီတိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီးမောင်မောင်ဝင်း နှင့် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစောမြသိန်း တို့တက်ရောက်ကြပြီး ရင်းနှီးစွာအားပေးခဲ့ပါသည်။
ရုံးဖွင့်ပွဲသို့ အရပ်ဖက် လူ့အဖွဲစည်းများ၊ ဧရာဝတီတိုင်း ဒေသဒေသကြီး N.L.D အဖွဲ့ဝင်များ ၊ ပုသိမ်မြို့မှ
ကဗျာဆရာများ နှင့်စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားနံနက်၁၀း၃၀နာရီတွင်အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
ပုသိမ်ပွင့်လင်း



No comments:

Post a Comment