KIA
တပ်မဟာ(၃)နဲ့ လက်အောက်ခံအဖွဲ့တွေဆီကို ဗဟိုဌာနချုပ်(လိုင်ဇာ)မှ
စက်တင်ဘာ(၁)ရက်နေ့ကစပြီး လူသစ်စုရန် ညွှန်ကြားချက်ထုတ်ထားကြောင်း သိရပါတယ်။
တပ်မဟာ(၁)ခုလျှင်
လူသစ်(၅၀၀)ဦး မဖြစ်မနေ စုဆောင်းသွားရန်နဲ့
ရရှိတဲ့လူသစ်အဖွဲ့တွေကို(၂)ဖွဲ့စီခွဲပြီး တပ်မဟာဌာနချုပ်များအလိုက်
စစ်သင်တန်းတွေပေးသွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
အောက်ခြေမှာလည်း
KIA အဖွဲ့ကို ပြည်သူလူထုက ရွံကြောက်ဖြစ်နေကြပြီး အထက်မှလည်း အမိန့်ထုတ်ထား
တဲ့အတွက်ကြောင့် KIA အဖွဲ့တွေဟာ ယောက်ျား၊ မိန်းမ၊ ခလေးနဲ့ အသက်အရွယ်မရွေး
မြင်မြင်သမျှ လူမှန်သမျှကို လူသစ်စု၊ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေကြောင်း
သိရပါတယ်။
from -kachindailynews.blogspot.com

No comments:
Post a Comment