ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, September 18, 2012

ဆီးရီးယားတွင် စစ်ရာဇ၀တ်မှု သံသယရှိသူများ၏စာရင်း ပြုစုထားဟု ကုလပြောကြား


စစ်ရာဇ၀တ်မှုအတွက် သံသယရှိတဲ့သူတွေရဲ့ စာရင်းကို လျှို့ဝှက် ပြုစုထားတယ်လို့ ဆီးရီးယားနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စစ်ဆေးစုံစမ်းနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အကြီးအကဲက ပြောဆိုလိုက်ပါတယ်။
လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုကို စုံစမ်းရေးအကြီးအကဲ ပေါ်လို ဆာဂျီရို ပီညဲရိုး (Paulo Sergio Pinheiro) က ဦးဆောင်ခဲ့တာဖြစ်ပြီး အလွန်ခိုင်လုံပြီး ထူးခြားတဲ့ သက်သေအထောက်အထား အများအပြားကို ရထားတယ်လို့ ဆိုပါတယ်။
စုံစမ်းရေးအကြီးအကဲ ပေါ်လို ဆာဂျီရို ပီညဲရိုး (Paulo Sergio Pinheiro)
ဆီးရီးယားအခြေအနေကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ
လုံခြုံရေးကောင်စီကိုလည်း တိုက်တွန်းလိုက်ပြီး ခိုင်မာတဲ့ သက်သေအထောက်အထား အများစုကို စုဆောင်းထားတယ်လို့ ပင်ဟာရီယိုက ပြောပါတယ်။

အနာဂတ် နိုင်ငံတကာ တရားဥပဒေ စနစ်အတွက် စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေ ကို ရရှိမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ တဦးချင်းနဲ့ အဖွဲ့တွေရဲ့ လျှို့ဝှက်စုံစမ်းထားတဲ့ ဒုတိယအကြိမ် စာရင်းကို လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကို ပေးထားတယ်လို့လည်း ဆိုပါတယ်။
သက်သေတွေကို အတည်ပြုထားချက်တွေက နိမ့်ပါးတဲ့ စံနှုန်းနဲ့ လုပ်ထားလို့ နာမည်တွေကို လူသိရှင်ကြား ထုတ်ပြောတာ မသင့်တော်လို့ သိမ်းဆည်း ထားတယ်လို့ ပြောပါတယ်။
ဆီးရီးယား အစိုးရနဲ့ မဟာမိတ် လက်နက်ကိုင်တွေက အစိုးရရဲ့ တိုက်ရိုက်မူဝါဒတွေ အဖြစ် အရပ်သားတွေကို သတ်ဖြတ်နှိပ်စက်တာတွေ ကျူးလွန်နေပါတယ်လို့လည်း စုံစမ်းရေးအဖွဲ့က ဆိုပါတယ်။
ဆီးရီးယား အတိုက်အခံတွေနဲ့ သူပုန်တွေကိုတော့ အဲဒီစာရင်းမှာ ပါ မပါဆိုတာကိုတော့ စုံစမ်းစစ်ဆေးရေး အကြီးအကဲက ပြောဆိုခြင်း မရှိပါဘူး။
ဆီရီးယားမှာ အစ္စလာမ် စစ်သွေးကြွတွေ ပိုများလာပြီး တချို့က သူပုန်တွေနဲ့ ပူးပေါင်းလုပ်ဆောင် သလို တချို့ကတော့ လွတ်လွတ်လပ်လပ် လုပ်ဆောင်နေပါတယ်လို့လည်း ပြောပါတယ်။
ဆီးရီးယား သံအမတ်ကတော့ အနောက်နဲ့ အာရပ် အင်အားကြီး နိုင်ငံတွေက သူပုန်တွေကို ငွေကြေး လက်နက်တွေ ထောက်ပံ့နေတယ်လို့ ဆိုပါတယ်။
ကြေးစားစစ်သားတွေဟာ ချိန်ကိုက်ဗုံး ဖြစ်ပြီးတော့ သူတို့တွေရဲ့ အကြမ်းဖက် အစီအစဉ် ပြီးဆုံးရင် ဒီဗုံးတွေက ပေါက်ကွဲမှာ ဖြစ်တယ်လို့လည်း ဆီးရီးယား သံအမတ်က ပြောပါတယ်။
ဆီးရီးယားမှာ ပဋိပက္ခတွေကြောင့် ဩဂုတ်လအတွင်း လူအသေအပျောက် အဆိုးဆုံးဖြစ်ပြီး စတင်ဖြစ်ပွားစဉ်ကတည်းက အခုချိန်ထိ လူ ၂ သောင်းလောက် သေဆုံးခဲ့တယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

No comments:

Post a Comment