ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, September 18, 2012

သတင်းစာထုတ်ဝေခွင့်နှင့်ပတ်သက်ပြီး ကန့်သတ်ချက်မထားသင့်ဟု ဆို

အစိုးရအနေနဲ့ သတင်းစာထုတ်ဝေခွင့်ပြုရာမှာ ကန့်သတ်ချက်တွေ မထားဘဲ နိုင်ငံသားအားလုံးကို တပြေးညီ ခွင့်ပြုသင့်ကြောင်း ရန်ကုန်မီဒီယာဂရုဖ် အကြီးအကဲ ဦးကိုကို (စက်မှု) က ပြောပါတယ်။
မီဒီယာလုပ်ငန်းပိုင်ရှင်တချို့က သတင်းစာ ထုတ်ဝေခွင့်ပြုမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ရှိမှ၊ ၀န်ထမ်းအင်အား ဘယ်လောက်ရှိမှ၊ မြေပိုင်ဆိုင်မှု ဘယ်လောက်ရှိမှ ထုတ်ဝေခွင့်ပြုသင့်တယ်ဆိုပြီး ပြန်ကြားရေးဝန်ကြီးဌာနကို တင်ပြထားတဲ့အပေါ် ဦးကိုကို (စက်မှု) က ခုလို တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဦးကိုကိုက ထုတ်ဝေလိုတဲ့ နိုင်ငံသားတိုင်းကို ထုတ်ဝေခွင့်ပြုသင့်ပြီး ဈေးကွက်စီးပွားရေး သဘောအရ ပြိုင်ဆိုင်ရင်း သတင်းစာဖတ် ပရိသတ်က အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ကြောင်း ပြော ဆိုပါတယ်။

No comments:

Post a Comment