ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, March 27, 2012

ကာကွယ်ရေးဦးစီးချုပ်ရဲ့ တပ်မတော်နေ့ မိန့်ခွန်းကောက်နုတ်ချက်

တပ်မတော်နေ့ တွင် ကာကွယ်ရေးဦးစီးချုပ် ပြောခဲ့သော မိန့်ခွန်းထဲမှ ကောက်နုတ်ချက်များ ကိုတင်ပြ
သွားပါမည် ။
  တပ်မတော်အနေဖြင့် အနာဂတ် ဒီမိုကရေစီနိုင်ငံတော်သို့ သွားရာလမ်းခရီးတွင် ဖွဲ့စည်းပုံ အခြေခံ
ဥပဒေ ကို အဓိက တာဝန်တစ်ရပ်အနေနဲ့ ကာကွယ်ရေးစောင့်ရှောက်သွားရမည် ဟု ပြောကြားခဲ့ပါသည် ။
ထို့ကြောင့်  ဖွဲ့စည်းပုံအခြေခံဥပဒေကို အပွန်းအပဲ့မခံပဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိခိုက်
ဖျက်စီးလိုသူမှန်သမျှကို နိုင်ငံတော် ရန်သူဟု သဘောထားကာ ကာကွယ်နေမည်ဖြစ်ကြောင်း သိရပါသည်။

အစိုးရ အုပ်ချုပ်ရေးယန္တရား အား စစ်တပ်အနေဖြင့် မှန်မှန်ကန်ကန် ရပ်တည်ဆောင်ရွှက်ပေးသွားမည်
ဖြစ်ပြီး ပြောင်းလဲလာတဲ့ ခေတ် စနစ် နဲ့ အညီ  ဆောင်ရွှက်နေတဲ့ ဒီမိုကရေစီ အုပ်ချုပ်မှု ပုံစံတွေကို မျက်ခြေ
မပြတ် လေ့လာနေကြဖို့ လိုအပ်တယ်    ဟု ပြောကြားသွားပါတယ် ။

ထို့ကြောင့်  ယခုရောက်ရှိနေသော ဒီမိုကရေစီ လမ်းကြောင်းဟာ အပွန်းအပဲ့မခံပဲ ပြည်တွင်းဆူပူမှူ ပြည်တွင်းစစ်ချူပ်ငြိမ်းရေး နှင့် ပြည်ပရန်ကာကွယ်ရေး သာမက အစိုးရရဲ့ အုပ်ချုပ်မှု ပုံစံနှင့် ဒီမိုကရေစီလမ်းကြောင်းသို့သွားရာ တွင် လက်တွဲဖော် များနှင့်နိုင်ငံတော်အတွက် လုပ်ဆောင်ပေးမှူများ နိုင်ငံတကာ ဒီမိုကရေစီအုပ်ချုပ်မှူပုံစံများအား လေ့လာနေရမည်ဖြစ်ကြောင်း တပ်မတော်သားများအား မှာကြားခဲ့သည်။

စစ်တပ်ကစစ်တပ်လိုနေ..စစ်တန်းလျှားပြန်သွား..ဟုပြောနေသူများ
အခြေခံဥပဒေကို ပြင်ဆင်မည်ဟု ပြောနေသူများ
စစ်တပ်..နိုင်ငံရေးထဲ ဝင်မလာနဲ့ ဟု ပြောနေသူများ
အား..အားလုံးအတွက် ကာကွယ်ရေးဦးစီးချုပ်မှ စစ်တပ် ဘာကြောင့် နိုင်ငံရေးထဲ ဝင်ပါနေရတာလဲ
ဆိုတဲ့  မေးခွန်းတွေကို တပ်မတော်နေ့မိန့်ခွန်းလေး နားထောင်မိရင်သိနိုင်ပါတယ်..။

No comments:

Post a Comment