ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, March 27, 2012

သီလဝါ ဆိပ်ကမ်း သစ်ပုံများ မီးလောင်မှူမြင်ကွင်းများ

ဓါတ်ပုံများကို Eleven Media Group မှ တဆင့် ပြန်လည်ကူးယူဖော်ပြပါသည် ။






















မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(သီလ၀ါ)တွင် ယနေ့မွန်းတည့်ချိန်မှစတင်၍ ကျောက်မီးသွေးပုံမှ စတင်လောင်ကျွမ်းခြင်းပြီး သစ်လုံးပုံများသို့ ဆက်လက်ကူးစက်လောင်ကျွမ်းခြင်းကြောင့် မီးလောင်မှူတစ်စထက်တစ်စ ကြီးမားလာနေကြောင်း သတင်းရရှိပါသည် ။
ယခုအချိန်တွင် မီးသတ်ကားများရောက်ရှိ ပြီး မီးကို ငြိမ်းသတ်နေပြီဖြစ်ကြောင်းလည်း သိရှိရပါသည် ။
သီလ၀ါဆိပ်ကမ်းမှ သစ်ပုံမှာ ထူးကုမ္ပဏီနှင့် CIFT ပိုင်ဆိုင်သော သစ်ပုံများဖြစ်ကြောင်း သစ်ပုံ၏ပမာဏမှာ ဘောလုံးကွင်း ၁ ကွင်း စာခန့်ရှိကြောင်း လတ်တလော အခြေအနေအရ ကိုင်းတောများ လောင်ကျွမ်းသောမီးမှာ ကုန်သလောက်နီးပါး ရှိနေသော်လည်း သစ်ပုံတွင် လောင်သော မီးမှာမူ ငြိမ်းသတ်နေရဆဲ ဖြစ်ကြောင်း သိရသည်။
သစ်လုံးပုံမီလောင်မှုသည် ဆိပ်ကမ်းသို့ ပြည်ပမှ ရောက်ရှိလာသော ကားများရပ်နားရာနှင် ဘောလုံးကွင်း ၂ ကွင်းစာခန့် ကွာဝေးပြီး မီလောင်မှုသည် ကိုင်းတောဘက်သို့ ဆက်လက်လောင်ကျွမ်းနေကြောင်း သိရသည်။
 
 

No comments:

Post a Comment