ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, March 27, 2012

မြိတ် မှာ NLD ဘာတွေလုပ်ခဲ့သလဲ

မြိတ်မြို့သို့ရောက်ရှိလာစဉ်ဗကပ(UG)အကြွင်းအကျန်များ၏ တည်ကြက်အဖြစ်အသုံးချခြင်းကိုခံခဲ့ရသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
 မတ်လ(၂၄)ရက်နှင့် (၂၅) ရက်နေ့များတွင် မြိတ်မြို့သို့ ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား အသုံးချခဲ့ပါသည် ။ 
ဗကပ (UG) အကြွင်းအကျန်များသည် NLD ပါတီအတွင်းဝင်ရောက်ရောနှောလှုပ်ရှားပြီး ပါတီဝင်များနှင့် ပြည်သူလူထုအား သွေးထိုးလှုပ်ဆော်ကာ 
(၁)ယခင်က ပယ်ဖျက်ထားပြီးဖြစ်သော နိုင်ငံတော်အလံများအား လွှင့်ထူအသုံးပြုစေခြင်း၊ 
(၂) ခေါင်းစည်းများစည်းခိုင်းခြင်း၊ 
(၃) ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့သို့မရောက်ရှိမှီ (၃)   ရက်အလိုလောက်ကပင် နိုင်ငံတော်အား အကြည်အညိုပျက်စေမည့် တေးသီးချင်းများကို မြို့တွင်းသို့လည်လှည်၍ ကျယ်လောင်စွာဖြင့် ညနက်သန်းခေါင်အချိန်ကျော်လွန်သည်အထိ ဖွင့်စေခြင်း၊
(၄) တပ်မတော်နှင့်ပြည်သူများအကြား သွေးကွဲစေမည့်  စာသားများနှင့်ကဗျာများ   ဖြန့်ဝေစေခြင်း၊
(၅) ကားများနှင့် ဆိုင်ကယ်များစုစည်းကာ လမ်းများပိတ်ဆို့၍ အော်ဟစ်ဆူပူစေခြင်း၊ (၆)ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေမည့် စကားများ၊ အပြုအမူများ၊ တေးသီချင်းများစသည်တို့ဖြင့် ပြုမူစေခြင်း၊
(၇) အာဏာပိုင်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်များ၊ လုံခြုံရေးတပ်ဖွဲ့များစသည်တို့ လာရောက်၍ဟန့်တားပါက အဓိကရုဏ်းဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် NLD ပါတီနှင့် ပြည်သူလူထုအား သွေးထိုးလှုပ်ဆော်ပေးခဲ့ပြီး 
NLD ပါတီအတွင်း ၀င်ရောက်ခိုအောင်းလျက်ရှိနေပါသည်။ 

ဗကပ ယူဂျီတစ်ဦး အလံဟောင်းအား ကားပေါ်တွင် ကိုင်မြှောက်နေစဉ်
၎င်းတို့၏အပြုအမူများသည် နိုင်ငံတော်နှင့် NLD ပါတီကောင်းစားရေးအတွက်မဟုတ်ဘဲ ၂၀၁၂ ခုနှစ်၊ဧပြီလ(၁)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲပျက်ပြားစေရန်၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်စေခဲ့သည်မှာ သိသာထင်ရှားလှပါသည်။ NLD ပါတီဌာနချုပ်အနေဖြင့်လည်း ၄င်းတို့၏အပြုအမူများနှင့်ပတ်သက်၍ သိရှိနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ 
ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်၌ ဦးဆောင်ဦးရွက်ပြုမည်ဟု အခိုင်အမာ သံဓိဌာန်ချမှတ်ထားသည့် ပါတီကြီးတစ်ခုအနေဖြင့် ပါတီတွင်းစည်းကမ်းရှိမှု၊ ပါတီဝင်တစ်ဦးချင်းစည်းကမ်းရှိမှုတို့သည် အခြားသောပါတီများအတွက် စံနမူထားလောက်ဖွယ်ဖြစ်ရန်အတွက် များစွာလိုအပ်လှပါသည်။
 “NLD ပါတီအကြောင်းကို ကမ္ဘာကသိစေရမည်” ဟု ကြွေးကြော်ထားသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြိတ်မြို့ရောက်ရှိခဲ့သည့် အတွေ့အကြုံအဖြစ်အပျက်များကို ပြန်လည်ဆန်းစစ်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာပြည်သူလူထုတို့မှ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်ချက်ဖြင့် စောင့်စားမျှော်လင့်နေမှုများကို မြိတ်မြို့ကဲ့သို့ဖြစ်စဉ်များကြောင့် မပျက်ပြားစေသင့်ပါ။
အောင်မိုးမြင့်

No comments:

Post a Comment