ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, April 26, 2012

အရင် နှစ်ယောက် ထက် ငယ်ပေမယ့် အရင်နှစ်ယောက် ထက် ယဉ်ကျေးစွာ သင်္ကြန်အကြောင်းပြောသွားတဲ့ စင်္ကာပူက နောက်တစ်ယောက်




ဒီတစ်ယောက်ကတော့ အရင်က အမျိုးသမီးနှစ်ယောက်ထက် အသက်ငယ် ပေမယ့် ပိုပြီး ယဉ်ကျေးသိမ်မွေ့သူလို့ပြောလို့ရပါတယ်။ သူမ မကြိုက်တာတစ်ခုပြောခဲ့တာတောင် ဆိုရင်တောင် ယဉ်ယဉ်ကျေးကျေးနဲ့ ပြောသွားသူပါ။ မြန်မာနှစ်သစ် ကူးနဲ့ ပတ်သက်ပြီး ပျော်ရွှင်စေဖို့ ဦးတည်တယ်ထင်ပါတယ်။ အရင် သက်ကြားအို ဘွားတော်နှစ်ယောက်လိုတော့ မင်္ဂလာချိန် နှစ်သစ်ကူး နဲ့ ပတ်သက်ပြီး သူတပါးပို မဲ့ရွဲ့ အပြစ်တင်တာမျိုးတော့ မတွေ့ရ သလို၊ စိန်ခေါ် ရိုင်းစိုင်းတာမျိုးတွေလည်း မတွေ့ရပါဘူး။

နှစ်သစ်မင်္ဂလာ၊ မင်္ဂလာ နှစ်သစ် အချိန်မှာ သူတပါးကို ကဲ့ရဲ့အပြစ်တင်နေသူတွေအနေနဲ့ မြန်မာ့ရိုးရာထိန်းသိမ်းဖို့၊ အစဉ်အလာမပျက်ဖို့ ကိုယ်တိုင်က ဘယ်လိုနေခဲ့ကြ၊ ဘာတွေလုပ်နေကြလဲ ဆိုတာကိုတော့ လူအများက စိတ်ဝင်စားနေကြပါတယ်။ ယခင် အကြောင်းအရာများကို ဆိုတာကို ကလစ် ပြီး ပြန်ကြည့်နိုင်ပါတယ်။

No comments:

Post a Comment