ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, April 26, 2012

အော်....KIA ...KIA...



သူတို့နယ်မြေထဲမှာရှိတဲ့ ရှမ်းလူမျိုးကောင်းစားရေးအတွက် လုပ်ဆောင်နေတယ်ဆိုပြီး KIA အကြီးအကဲတွေ က ပြောဆိုစည်းရုံးနေကြတယ်။ အဲလိုပြောတာများလာတော့လည်း KIA က ခင်ဗျာတို့ ရှမ်းလူမျိုးတွေကို သူတို့ ကချင် လူမျိုး တွေထက် ပိုပြီးအရေးပေးလုပ်ဆောင်ပေးနေသလိုဖြစ်နေတယ်။

မှန်ပါတယ်...။ KIA က သူတို့နယ်မြေထဲမှာရှိတဲ့ ရှမ်းတွေကို ကချင်လူမျိုးတွေထက်ပိုပြီး အရေးပေးပါတယ်။ ဘာတွေလဲဆိုတော့...


ကချင်ပြည်နယ်အတွင်းရှိ ရှမ်းလူမျိုးများရဲ့ဘဝ

  • လူသစ်စု၊ ဆက်ကြေးကောက်ရင် ကချင်လူမျိုးတွေနေတဲ့ရွာထက် ရှမ်းလူမျိုးတွေနေတဲ့ ရွာကို ပိုပြီးဦးစား ပေးတယ်။
  • လူသစ်စုလို့ ရလာတဲ့ ခင်ဗျားတို့ရှမ်းလူမျိုးတွေကို တိုက်ပွဲဖြစ်တဲ့အခါ ဦးစားပေးတဲ့အနေနဲ့ ရှေတန်းကျကျ တိုက်ခိုင်းတယ်။
  • ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလလောက်က တာလောကြီးရွာမှာရှိတဲ့ ဆက်သွယ်ရေးရုံးကို ၀င်ရောက်ဖျက်ဆီး ပေးခဲ့တယ်။ ဒါ့ကြောင့် အဲဒီမှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေ အသုံးပြု နေတဲ့ လက်ကိုင်ဖုန်းတွေကိုလည်း ပြောမရအောင် လုပ်ပေးခဲ့ပြန်တယ်။

KIA တပ်ဖွဲ့ဝင်များ၏လက်ချက်ဖြင့် အဖြစ်ဆိုးများနှင့် သေဆုံးခဲ့ရသူရှမ်းတိုင်းရင်းသားတစ်ဦး

  • နောက်ပြီး အဲဒီဆက်သွယ်ရေးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရှမ်းလူမျိုး ဦးအိုက်ဟိုင်း ကိုလည်း ကြိုးတွေတုပ်ပြီး ရိုက်နှက်နှိပ်စက်မှုတွေပြုလုပ်ပေးခဲ့သေးတယ်။ ဒါတင် ဘယ်ကမလဲ သူပိုင်တဲ့ ပစ္စည်းတွေ၊ ငွေတွေ ကိုလည်း အပင်ပန်းခံပြီး ယူဆောင်သွားကြ တယ်။
  • ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလကုန်လောက်မှာလဲ KIA က လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးတော့ ရှမ်း ၁ ဦးရဲ့အသက်ကို နှုတ်ပေးခဲ့သလို ၅ ဦးကိုလည်း ဒဏ်ရာရအောင် လုပ်ပေးခဲ့တယ်။
စသဖြင့် ...စသဖြင့်ပေါ့ဗျာ...။ KIA က ရှမ်းလူမျိုးတွေအတွက် လုပ်ပေးနေတာတွေ အများကြီးပါ...။
အခုကြားရတာက ``KIA အဖွဲ့တွေ အလင်းဝင်လာပြီတဲ့... အခုဆိုရင် ၄၉ ယောက် ရှိသွား ပြီတဲ့´´။ ကောင်းလိုက်တဲ့ သတင်းစကားဗျာ။ KIA အဖွဲ့တွေ အမြင်မှန်ရသွားပြီလို့ တွေးလိုက် မိပါတယ်။ ဒါပေမယ့် ကျွန်တော် တွေးတာနဲ့ မြင်တာနဲ့ တလွဲဆီဖြစ်နေတယ်...။ ဘာလို့လဲ ဆိုတော့....အခု ၀င်လာတဲ့ သူတွေထဲမှာ ကချင်လူမျိုးက ၃ ယောက်ပဲ ပါတယ်တဲ့...။ ကျန်တာ ရှမ်းတွေတဲ့။ ကျွန်တော် တော်တော်လေး အံ့သြမိပါတယ်။ အလင်းဝင်လာနိုင်တဲ့ ရှမ်းတွေအတွက် ဂုဏ်ယူဝမ်းမြောက်မိသလို KIA ထဲမှာ ကျန်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားတွေအပြင် အခြားတိုင်းရင်းသား လူမျိုးတွေအတွက် ၀မ်းနည်းပူပင် မိတာကတော့ အမှန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့...


အလင်းဝင်ရောက်လာခဲ့သည့် ရှမ်းတိုင်းရင်းသားလူမျိုးအများစုပါဝင်သည့် KIA တပ်ဖွဲ့ဝင်များ

  • အလင်းဝင်လာတဲ့သူတွေက ရှမ်းတိုင်းရင်းသားတွေဖြစ်နေတော့ KIA ထဲမှာကျန်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားတွေအပြင် အခြားတိုင်းရင်းသားတွေကိုပါ မျက်စိထောက်ထောက် ကြည့်ခံ နေရမှာကတော့ သေချာပါတယ်။
  • နောက်ပြီး ပေါ်တာဆွဲခံရတဲ့သူတွေလို(ကျေးကျွန်တွေလို) အခိုင်းခံနေရမှာကိုလည်း မြင်ယောင်မိပါတယ်၊
  • တိုက်ပွဲဖြစ်ရင်လည်း ရှေ့တန်းကနေ အသေခံတိုက်ဖို့ အမိန့်ပေးညွှန်ကြားခံရမှာလည်း မလွဲ ဧကံပါဘဲ၊
  • မလုပ်နိုင်လို့ ထွက်ပြေးမယ်ကြံရင်တော့ပစ်သတ်ခံရမှာပါ။ (အဲဒီလိုသေသွားတဲ့သူတွေလည်း ဘယ်လောက်တောင် များနေပြီလဲ...?)
KIA က ရှမ်းတိုင်းရင်းသားတွေ ကောင်းစားဖို့ဆိုပြီး လုပ်နေတာတွေက တစ်ကယ်ကို အံ့မခန်းပါပဲ..။

KIA ရဲ့ လူသစ်စု မခံရတဲ့သူတွေကို ကျေးရွာတွေမှာ ပြည်သူ့စစ်ဆိုပြီး ဖွဲ့ပေးပြန်ပါတယ်။

အဲဒီပြည်သူ့စစ်တွေကလည်း KIA ခိုင်းသမျှ အကုန်လုပ်ပေးနေရတဲ့ သူတွေပါ။ အဲဒီလို လုပ်ပေးလို့ လစာ ထောက်ပံ့ကြေးများ ရသလားလို့ ထင်ရင်တော့ အလွဲကြီးလွဲသွားပါလိမ့်မယ်။ အဲဒီ ပြည်သူ့စစ်တွေက ကိုယ့်ရိက္ခာ ကိုယ့်ဟာကိုယ်ရှာစားပြီး KIA ခိုင်းသမျှ အကုန်လုပ်ရတယ်။ နောက်ပြီး KIA က ဆက်ကြေးတောင်းရင်လည်း သူတို့ အိမ် တွေက ဆက်ကြေးပေးဆောင်စရာမလိုဘူးလို့ မထင်ပါနဲ့။ ဆက်ကြေးလည်း ပေးဆောင်နေကြရတယ်...။ စီးပွားရေး အဆင်မပြေတဲ့အပြင် ဘာသာရေးလည်း လုပ်ခွင့်မရကြဘူး။ ရင်နာဖို့ ဘယ်လောက်ကောင်းလိုက်လဲဗျာ..။


ဒါတွေကို သိနေရဲ့သားနဲ့ ဘာ့ကြောင့် KIA တပ်ထဲမှာ ဆက်ပြီးတာဝန် ထမ်းဆောင် နေတာလဲ...?


လူတိုင်း ကိုယ့်သမိုင်းကို ကိုယ်ကိုယ်တိုင်ပဲရေးကြတယ်။ ကိုယ့်မိသားစု၊ ကိုယ်ပတ်ဝန်းကျင်၊ ကိုယ့်လူမျိုးနဲ့ ကိုယ့်နိုင်ငံအတွက် ကိုယ့်ရဲ့သမိုင်းကတော့ ကောင်းဖို့လိုတယ်..။ ဘယ်လိုဘဲဖြစ်ဖြစ် သမိုင်းကောင်းအောင်တော့ လုပ်ကြဖို့ လိုတယ်လို့ အကြံပြုတိုက်တွန်းချင်ပါတယ်။

No comments:

Post a Comment