ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, April 26, 2012

အေပြီလ ၂၄ ရက်နေ့က အလင်းဝင်ရောက်လာခဲ့သည့် ကေအိုင်အေတပ်ဖွဲ့ဝင်


၂၀၁၂ အေပြီ ၂၆
ကေအိုင်အေ တပ်မဟာ(၅) မဂျီနော်ဘောက်အဖွဲ့မှ တပ်သား အောင်မျိုးဦးဟာ တာလောကြီး အစိုးရ တပ်စခန်းသို့ အေပြီလ ၂၄ ရက်နေ့က လက်နက်မဲ့အလင်းဝင်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။ တပ်သား အောင်မျိုးဦးဟာ တာလောကြီး ကျေးရွာသားဖြစ်ပါတယ်။ တောင်ယာလုပ်ကိုင်နေစဉ်အတွင်း ကေအိုင်အေတပ်ဖွဲ့မှ အဓမ္မ လူသစ်စုဆောင်ခြင်းခံခဲ့ရတယ်လို့ ပြောပါတယ်။ ကေအိုင်အေ တပ်မဟာ(၅)ရှိ အရာရှိများရဲ့ လူမျိုးရေးခွဲခြား ဆက်ဆံမှု၊ ဖိနှိပ်မှုများကို မခံမရပ်နိုင်လို့ ထွက်ပြေးလာပြီး အစိုးရတပ်စခန်းကို အလင်းဝင်ရောက် ခဲ့ခြင်းဖြစ်ပါတယ်။ ကေအိုင်အေရဲ့ အတင်းအဓမ္မ လူသစ် စုဆောင်းမှုများကြောင့် ဒေသခံကျေးရွာသားများမှာ မိမိတို့ရဲ့တောင်ယာ လုပ်ငန်းများကို ကောင်းမွန်စွာလုပ်ကိုင်နိုင်ခြင်း မရှိဘူးလို့ သိရှိရပါတယ်။



  ရှေ့တန်းတပ်စခန်းတစ်ခုမှ KIA တပ်သား တစ်ဦး

ကေအိုင်အေ တပ်မဟာ(၅)၊ တပ်ရင်း(၃)မှ ဗိုလ်ကြီး မထုနော်အဖွဲ့ဟာ လုတောင်ကျေးရွာရှိ ကေအိုင်အေ တပ်ဖွဲ့ဝင် များနဲ့အတူ ဆဒုံးမြို့နယ်ခွဲရှိ စကားပါကျေးရွာ၊ အောက်ရှမ်းရွာ၊ အထက်ရှမ်းရွာ၊ လုမြန်ရွာ၊ ဂေါ့နန်ရွာများမှ ရွာသား ၂၀ ဦးအား ကေအိုင်အေ တပ်သားသစ်အဖြစ် အဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အတင်း အဓမ္မ ခေါ်ဆောင်သွားသူတွေ ထဲမှာတော့ ဂေါ့နန်ရွာမှ ၂ ဦး၊ လုမြန်ရွာမှ ၂ ဦး၊ အထက်ရှမ်းရွာမှ ၁ ဦး၊ အောက်ရှမ်း ရွာမှ ၁ ဦးနဲ့ စကားပါရွာမှ ၁၄ ဦးဖြစ်တယ်လို့ သိရပါတယ်။
KIA မှ ဖမ်းဆီးခံရသူများ စစ်သင်တန်းတက်ရောက်နေပုံ
ခေါ်ဆောင်သွားသူတွေကို စစ်သင်တန်းတက်ရောက်ရန်အတွက် လုံထန်စခန်းကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment