ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒတွေကိုပြောဆိုပြီးတဲ့နောက်ပိုင်း
တပ်မတော်သားတစ်ဦး ဆိုသူအနေနဲ့ လည်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောဆိုချက်တွေကို ထောက်ပြဝေဖန်ခဲ့တဲ့
ဆောင်းပါးဖြစ်တဲ့ “ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတစ်ဦးရဲ့
ရိုးရှင်းပွင့်လင်းသောအမြင်” ဆိုတာကလည်း အင်တာနက်ပေါ်မှာ ပြန့်နှံ့လာပါတယ်။
အဲ့ဒီဆောင်းပါးက အချက်အလက်များဟာ တပ်မတော်ရဲ့ မူဝါဒမဟုတ်ပေမယ့်
တပ်မတော်သားအားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို သူ့ဆောင်းပါးပါ အချက်အလက်
တွေအတိုင်း မြင်တယ်ဆိုပြီးဖော်ပြသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ရှေ့နောက်မညီတဲ့စကားတွေနဲ့ စည်းရုံးရေးခရီးစဉ်တွေမှာ လက်တန်းပြောဆိုမှုတွေက
အဓိပ္ပါယ်(၂) မျိုးဖြစ်စေတဲ့အတွက် ဒီလိုဝေဖန်မှုတွေ ဖြစ်ရတာပါလို့ ပြည်သူတွေက
ပြောဆိုနေပါတယ်။
ပြည်သူအများစုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ထိပ်တိုက်ဖြစ်မှာကို လိုလားခြင်းမရှိပါဘူး။ ဒါကြောင့် မတ်လ(၃၀)ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သားကိုယ်စားလှယ်များနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က
“၂၅ရာခိုင်နှုန်းသော
တပ်မတော်သားတွေအားလုံးက ကျမတို့အားလုံးနဲ့ စိတ်တူ ကိုယ်တူ သဘောတူ
ပြောင်းလဲသွားမယ်ဆိုရင် အားလုံးအေးအေးဆေးဆေးပြီးသွားမှာပါ။
ကျမတို့လိုချင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာက ပြည်သူရဲ့ သြဇာအောက်မှာ
ရှိရမယ်။ ပြည်သူကရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေအောက်မှာ ရှိတယ်။ ၂၅
ရာခိုင်နှုန်းကို ဖယ်ထုတ်မယ်လို့မပြောပါဘူး။ ဖယ်ထုတ်မယ်ဆိုတဲ့ စကားကို
ကျမဘယ်တုန်းကမှ မပြောပါဘူး။ တပ်မတော်နဲ့ပူပေါင်းဆောင်ရွက်မယ်လို့ပဲပြောတာပါ” လို့ပြောဆိုခဲ့ပါတယ်။
အထူးသဖြင့်
တပ်မတော်ဖခင် ဗိုလ်ချုပ်သမီးဆိုပြီး တပ်မတော်အပေါ်
အမျိုးမျိုးပြောဆိုနေမှုကို တပ်မတော်သား တွေကလည်း မခံမရပ်နိုင်ဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ပြောဆိုမှုတွေ လုပ်လာခဲ့ပါတယ်။ အဲ့ဒီလို
တပ်မတော်သားတွေက တုန့်ပြန်ပြောဆိုလာတဲ့အချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည် ကို
မကျေနပ်တဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့
ငယ်ကျိုးငယ်နာတွေကို ပြန်ဖော်ပြီး စာရွက်တွေ ၊ ဗွီစီဒီအခွေတွေနဲ့
ဖော်ထုတ်ဖြန့်ဝေမှုတွေကို အရှိန်မြှင့်ပြီး လုပ်ဆောင်လာကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့
တပ်မတော်အပေါ် ပြောဆိုချက် တွေကို လက်မခံလိုတဲ့ စစ်တပ်အရာရှိဟောင်းများကလည်း
ဝေဖန်မှုများရှိလာပါတယ်။
အခုဒေါ်စုကြည်ရဲ့ပြောကြားချက်များအရ တပ်မတော်နဲ့ ထိပ်တိုက်မတွေ့လိုတဲ့ သဘောထားဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက ယူဆကြပါတယ်။ တပ်ချုပ်အနေနဲ့ကလည်း တပ်မတော်နေ့ မိန့်ခွန်းမှာ “နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ(စ) မှာ တပ်မတော်သည် နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိတယ်" လို့ အတိအလင်းကြေငြာထားတဲ့ အတွက် လတ်တလောမှာ တပ်မတော်က သဘောမတူရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် အခက်အခဲရှိနိုင်ပါတယ်။ လက်ရှိအခြေအနေမှာ တပ်မတော်သားတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အ၀မထောက်ခံသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း တပ်မတော်ကို လုံးဝဥဿုံ မယုံကြည်နိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။ ဒီလိုဖြစ်ရတာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်မတော်က မြန်မာနိုင်ငံရေးမှာ ပါဝင်နေမှုအပေါ် အမျိုးမျိုး ပြောကြားနေခြင်းကြောင့် ဖြစ်တယ်လို့ တပ်မတော်သားတစ်ယောက်ရဲ့ဆောင်းပါးမှာ ဝေဖန်ထားရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ တပ်မတော်သားတွေကို စည်းရုံးသွားမယ်လို့ မကြာခဏပြောကြားနေပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ရင်းအမှန်ကတော့ ဘယ်လိုလဲဆိုတာကို ၁၉၈၈ခုနှစ် သြဂုတ်လ ၁၉ရက်နေ့ထုတ် တိုင်းမ်စ်သတင်းစာ(The Times)က ခရင်သာပါနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ပြောကြားချက် များကို သတိပြုရပါမယ်။
ခရင်သာပါ။ စစ်တပ်ဆီကဘယ်လိုအကူအညီရမယ်လို့မျှော်လင့်ထားပါသလဲ။
အောင်ဆန်းစုကြည်။
စစ်တပ်ထံက အကူအညီရဖို့ ကျွန်မမမျှော်လင့်ပါဘူး။ သြဂုတ်လ ၂၅ ရက်နေ့ က
ကျွန်မ ပြောသွားတာက တပ်မတော်နဲ့ ပြည်သူအကြားမှာ
သဘောကွဲလွဲမှု မရှိသင့်ဘူးဆိုတာ ပါပဲ။ တပ်မတော်ဟာ ပြည်သူလူထုက
လေးစားပြီး ယုံကြည်ရတဲ့ အင်အားတစ်ခုဖြစ်သင့်ပါတယ်။ တပ်မတော်ဟာ
သူ့သိက္ခာသူထိန်းသိမ်းဖို့ အတွက်နဲ့ တိုင်းပြည်ကောင်းဖို့အတွက်
နိုင်ငံရေးမှာ မပါသင့်ပါဘူးလို့ ကျွန်မ အခိုင်အမာယုံကြည်ပါတယ်။
ကရင်သာပါ
။ ခင်ဗျားရဲ့ဖခင်ဟာ သမိုင်းအစဉ်အရ မြန်မာ့တပ်မတော်နဲ့
တွဲဖက်လာခဲ့တာမို့ အနာဂတ်ဒီမိုကရက်တစ် မြန်မာနိုင်ငံမှာ
စစ်တပ်ဟာဘယ်လိုနေရာက ပါသင့်တယ်လို့ ခင်ဗျားထင်ပါသလဲ။ မြန်မာနိုင်ငံလို
တိုင်းပြည်မှာစစ်တပ်က နိုင်ငံရေးမှာ နေရာယူဖို့
ဥပဒေစည်းမျဉ်းတွေလုပ်ဖို့လိုတယ်လို့ ယူဆပါသလား။
အောင်ဆန်းစုကြည်။
တပ်မတော်ဟာ နိုင်ငံရေးမှာမပါရဘူးလို့ ကျွန်မအဖေကပြောခဲ့ပါတယ်။ အဲဒီ
အယူအဆကို ကျွန်မ လုံးလုံးလျားလျား ထောက်ခံပါတယ်။
ဒါကြောင့်မို့
ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်သားတွေကလည်း အမြင်ကြည်လင်မှုမရှိသလို
တပ်မတော်သားတွေ လက်ခံလာအောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
များစွာကြိုးစားဖို့လိုပါတယ်။ မြန်မာ့သမိုင်းကြောင်းနဲ့
ယှဉ်ပြီးပေါက်ဖွားလာတဲ့ တပ်မတော်သားတွေကို
စည်းရုံးသိမ်းသွင်းနိုင်ဖို့ဆိုတာ နိုင်ငံ့အကျိုး ၊ ပြည်သူ့အကျိုး
ကိုအပြောသက်သက်မဟုတ်ပဲ လက်တွေ့လည်း လုပ်ပြဖို့လိုနေပါသေးတယ်။
အခုအချိန်မှာဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး
နှစ်မျိုးတည်းသောစကားကြောင့် ဧပြီ(၁)ရက်နေ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်
လွှတ်တော်ထဲရောက်လာရင် ဘယ်လိုတွေလှုပ်ရှားအုံး မလဲဆိုတာ
စောင့်ကြည့်လျက်ရှိကြောင်းပါ ခင်ဗျာ……
No comments:
Post a Comment