ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, April 03, 2012

မစန္ဒာ သုံးခါတည်း ပါ


ဘယ်က ဘယ်လို ပိုက်ဆံတွေ ရမှန်းမသိပဲ အောင်မြင်တဲ့သူဌေးကြီး နဲ့ လွှတ်တော်အမတ်ကြီးလောင်း ကြီး ဖြစ်သူ ဒေါ်ကြည် က အနှစ် ၇၇ နှစ်မြောက် မွေးနေ့ မင်္ဂလာ ပွဲမှာ တပည့်ဖြစ်သူ မစန္ဒာကို မေးသတဲ့။

“ စန္ဒာရေ အန်တီတို့ ပါတီရဲ့ နှစ် ၂၃ နှစ် တွင်းမှာ မင်း တာဝန် ကျေပွန်ခဲ့ပါတယ်ကွယ် ။ ကျေးဇူးလဲတင်ပါတယ်။ စန္ဒာ့ကို တစ်ခုမေးချင်တယ်... တခြား ခေါင်းဆောင် တွေနဲ့ များ ကျူးလွန်ဖူးသလားဆိုတာ အမှန်အတိုင်းပြောပြပါလား။ အန်တီ လုံးဝအပြစ်မယူပါဘူး။ သိချင်ယုံပါ။”

“ ဟိုလေ... အန်တီ့ကိုတော့ မလိမ်ချင်ပါဘူး... မေးတော့လည်းပြောရတာပေါ့။ ၃ ခါထဲပါ။ ”

“အင်း…. ပထမ တစ်ခါက ဘယ်သူနဲ့လဲ”

“၁၉၈၈ တုန်းက... အန်တီက နိုင်ငံရေး စလုပ်ခါစ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တုန်းကလေ... အဲလို ယောက်ချာချာဖြစ်နေတုန်း... ကျောင်းသား ခေါင်းဆောင်တွေ လမ်းပေါ်ထွက် လာအောင် စန္ဒာ ကြိုးစားခဲ့တာ မှတ်မိလား အန်တီ...”

“အော်ဒါလား အန်တီ့ကြောင့် အနစ်နာခံခဲ့ရတာပဲ၊ အန်တီ အပြစ်မတင်ပါဘူး... အပြစ်မတင်တဲ့ အပြင်ကျေးဇူးတောင် တင်ပါတယ်ကွယ်၊ နောက်တစ်ခါ ကရော”

“၁၉၉၀ တုန်းက အန်တီ့ ကို ဘယ်သူကမှ မဲမထည့်ချင်ကြဘူးလေ... အဲတုန်းက မဲတွေ အများကြီးနဲ့ နိုင်လိုက်တာ မှတ်မိလား”

“အော်ဒါလည်း စန္ဒာ အနစ်နာခံခဲ့ တာပဲလား ကျေးဇူးတင်လိုက်တာ စန္ဒာရယ်၊ နောက်ဆုံး အခေါက်ကရော”

“ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြိုတင်မဲ ၃၅၀ ရခဲ့တာ မှတ်မိသေးလား”

No comments:

Post a Comment