ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, April 03, 2012

ရှမ်းမြောက်တွင် ကျားဖြူပါတီ မှ အနိုင်ရရှိပြီး စစ်ကိုင်း မြောက်ပိုင်း တွင် ပြည်ခိုင်ဖြိုး ပါတီမှ အနိုင်ရ


ရှမ်းပြည်နယ်အမှတ်(၃) အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းစံမင်းက အနိုင်ရရှိပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အမှတ်(၇) အမျိုးသားလွှတ်တော် မဲဆန္ဒ နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးတင်မြက အနိုင်ရရှိခဲ့ကြောင်း ဒီကနေ့ ၆ နာရီ သတင်းမှာ ဖော်ပြသွားပါတယ်။

အခုဆိုရင် ပြည်သူ့လွှတ်တော်ထဲမှာ NLD ပါတီမှ ၈ % ခန့် ၊ အမျိုးသားလွှတ်တော်မှာ ၁.၈ % ခန့်
နေရာရရှိသွားပြီ ဖြစ်ကာ တိုင်းဒေသကြီးလွှတ်တော်မှာတော့ ၀.၃ % ခန့် နေရာရရှိသွားပြီ ဖြစ်ပါတယ်။ NLD ပါတီမှ လွှတ်တော် အမတ် အရေအတွက် ဟာ ရာခိုင်နှုံးအားဖြင့် အလွန်အမင်း နည်းပါးသော်လည်းပဲ NLD ပါတီဝင်များနဲ့ နားမ လည်သူ အများအပြား ကတော့ မဟာအောင်ပွဲကြီး ထင်ပြီး အလွန်အမင်း ပျော်ရွှင်နေကြတာ တွေ့ရပါတယ်။

လက်ရှိ လွှတ်တော် အမတ် တစ်ဦးကတော့ လွှတ်တော်ထဲမှာ ၁၀ ရာခိုင်နှုံး မရှိတဲ့ လူအင်အားက ရာခိုင်နှုံး ၉၀ ကျော်ကို ဘာမှ လုပ်လို့ ရမှာ မဟုတ်ကြောင်းနဲ့ မျက်စိသူငယ် နားသူငယ်နဲ့ ဝင်လာကြမယ့် အင်အားချို့တဲ့ NLD ပါတီ အမတ်လေးတွေအတွက် အလွန်ပင် ရင်လေးမိကြောင်း သုံးသပ်ထားပါတယ်။

NLD ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် အမတ်များအားလုံးနဲ့ ရွေးကောက်ပွဲ ဝင် ပါတီများအားလုံးကို ပုတ်ခတ် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

No comments:

Post a Comment