ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, April 30, 2012

ကေအိုင်အေမှ ဖမ်းဆီးသွားသူ ဆဒုံးမြို့နယ်အုပ်ချုပ်ရေးရုံးမှ ၀န်ထမ်း ၂ ဦပြန်လွှတ်


၃၀ အေပြီ ၂၀၁၂
ဧပြီလ ၂၈ ရက်နေ့ နေ့လည် ၂ နာရီလောက်က ၀ိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲရှိ မြို့နယ်အုပ်ချုပ်ရေးရုံးကို KIA မှ ၀င်ရောက်စီးနင်းပစ်ခတ်ခဲ့ကြပါတယ်။ ကေအိုင်အေတပ်ဖွဲ့မှ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအ၀င် ၄ ဦးကိုကြိုးတုတ် ပစ်သတ်ခဲ့ပြီး ၀န်ထမ်း ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ဖမ်းဆီးခေါ်သွားသူ ၃ ဦးမှ ၂ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဆဒုံးကိုပြန်ရောက်ရှိနေပြီလို့သိရပါတယ်။ ကေအိုင်အေမှ ပြန်လွှတ်ပေးခဲ့တဲ့ ၂ ဦးကတော့ ဂွမ်ဂျာနော်နဲ့ ဦးယောကွေ့ တို့ဖြစ်ကြပါတယ်။ သူတို့နှစ်ဦးဟာ ကေအိုင်အေလုံထန်စခန်းကနေ စကားပါးရွာ တွင်ညအိပ်ခဲ့ပြီး ၂၉ ရက်နေ့ နေ့လည်ပိုင်းက ဆဒုံးမြို့နယ်ရဲစခန်းသို့ ပြန်လည်ရောက်ရှိပါတယ်။ ပြန်လည်လွတ်မြောက် လာသူများမှ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး အခုလိုပြောပြခဲ့ပါတယ်။
                              
“ ကေအိုင်အေအဖွဲ့တွေ ကျွန်တော်တို့ရုံးကို ၂၈ ရက်နေ့ နေလည်ပိုင်း ၂ နာရီလောက် က ရောက်လာတယ်။ ရောက်လာပြီး ရုံးမှာရှိတဲ့ လူအကုန်လုံးကို ကြိုးတုတ်ပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ၀န်ထမ်း ၃ ဦးကို ပစ်သတ်ခဲ့ပါတယ်။ ကျွန်တော်တို့ ၃ ဦးကိုတော့ ကြိုးတုတ်ပြီး သူတို့ရဲ့ လုံထန်စခန်းကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စခန်းကိုရောက်တော့ ကျွန်တော်တို့ကို ထိပ်တုံးခတ်ထားတယ်။  ညပိုင်းရောက်တော့မှ ကေအိုင်အေက အရာရှိ တစ်ယောက်ရောက်လာပြီး ကျွန်တော်တို့နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။် ” လို့ ဦးယောကွေ့က ပြောပြပါတယ်။
ကေအိုင်အေဖမ်းဆီးခံရတဲ့ ၃ ဦးမှ  ပြန်လွတ်လာသူများမှာ ကချင်လူမျိုး ၂ ဦးဖြစ်နေပြီး ကျန်နေခဲ့တဲ့ ရှမ်းလူမျိုးဝန်ထမ်းတစ်ဦးရဲ့ အသက်အန္တရာယ်အတွက် ဒေသခံများမှ စိုးရိမ်လျက်ရှိပါတယ်။ ကေအိုင်အေတပ်ဖွဲ့ဟာ လူမျိုးရေးခွဲခြားဆက်ဆံမှုများရှိနေတဲ့အတွက် ဆဒုံးမြို့နယ်မှာနေထိုင်တဲ့ ကျန်တိုင်းရင်းသားလူမျိုးများဟာ ကေအိုင်အေ မှ လူမျိုးရေးခွဲခြားသတ်ဖြတ်မှာကို စိုးရိမ်ပူပန်နေကြတယ်လို့သိရပါတယ်။

No comments:

Post a Comment