ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, April 30, 2012

KIA မှကန်ပိုက်တီးကို တိုက်ခိုက်မည့်သတင်းကြောင့် ကန်ပိုက်တီးဒေသခံများနယ်စပ်သို့ထွက်ပြေး


ယခုရက်ပိုင်းအတွင်း KIA နဲ့ အစိုးရတပ်တို့ တိုက်ပွဲများပြင်းထန်လျက်ရှိပါတယ်။ တရုတ်မြန်မာ နယ်စပ်က အစိုရနယ်ခြားစောင့်တပ်ကို KIA မှ အင်အားအလုံးအရင်းနဲ့ ၀င်တိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ပြင်းထန်ခဲ့တာကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြပါတယ်။ KIA ရဲ့တရုတ်မြန်မာ နယ်စပ်မြို့များကို သိမ်းပိုက်ရေးအစီအစဉ်အရ ပန်ဝါမြို့ကို သိမ်းပိုက်ရန်အတွက် အစိုးရနယ်ခြားစောင့်တပ် လုပီ ကို နှစ်ရက်ကျော်ကြာတိုက်ခိုက်ခဲ့ကြပါတယ်။ KIA အဖွဲ့ရဲ့ နှစ်ရက်ကျော်ကြာတိုက်ခိုက်မှုကိုတော့ အစိုးရနယ်ခြားစောင့်တပ်က ပြန်လှန်ခုခံတိုက်ခိုက်ခဲ့လို့ KIA တပ်များ ထိခိုက်ကျဆုံးများများနဲ့ အစီအစဉ် မအောင်မြင်ပဲ ဆုတ်ခွာခဲ့ရပါတယ်။
KIA ဗဟိုကတော့ ပန်ဝါမြို့သိမ်းရေးအစီအစဉ် မအောင်မြင်ခဲ့လို့ နောက်ထပ်တရုတ်မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ ကန်ပိုက်တီးကို ထပ်မံတိုက်ခိုက်သွားမယ်လို့ သိရပါတယ်။ ဆဒုံးမြို့နယ် အုပ်ချုပ်ရေးဝန်ထမ်းများကို KIA မှ သတ်ဖြတ်ခဲ့လို့ ကန်ပိုက်တီးကို KIA မှလာရောက်သတ်ဖြတ်မှာကို ကန်ပိုက်တီးမြို့နယ်မှ အုပ်ချုပ်ရေးဝန်ထမ်းများနဲ့ အစိုးရ၀န်ထမ်းများမှာလည်း ကြောက်လန့်နေကြရ ပါတယ်။ KIA မှ ကန်ပိုက်တီးမြို့တိုက်ခိုက်မည်ကို ကြားသိကြတဲ့ ကန်ပိုက်တီးမြို့မှ အစိုးရ၀န်ထမ်းများနဲ့ မြို့ပေါ်မှဒေသခံများဟာ တရုတ်မြန်မာနယ်စပ် ဥမှင်လှိုဏ်ဂူအနီး တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်း ရှောင်လျက်ရှိကြပါတယ်။
တရုတ်မြန်မာနယ်စပ်မှာရှိတဲ့ ဥမှင်လှိုင်ဂူတရုတ်နိုင်ငံဘက်မှာတော့ တရုတ်နယ်ခြားစောင့်တပ်ဖွဲ့ ၀င်များနှင့် တရုတ်နယ်ခြားစောင့်ရဲများမှ ထွက်ပြေးလာသူများကို စောင့်ကြပ်စစ်ဆေးလျက်ရှိပါတယ်။ ကန်ပိုက်တီးမြို့မှ ထွက်ပြေးလာသူများကို တရုတ်နိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့်မပြုပဲ ဥမှင်လိုဏ်ဂူအနီး တွင်သာ နေထိုင်ခွင့်ပြုကြောင်း သိရပါတယ်။
ယခင်တုန်းက ကန်ပိုက်တီးမှ တရုတ်နိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်စာအုပ်ဖြင့် ၀င်ရောက်ခွင့်ပြုခဲ့ပါတယ်။ ယခုနောက်ပိုင်းတွင် ကန်ပိုက်တီးကို KIA တိုက်ခိုက်မှာဖြစ်လို့ ကြောက်လန့် ထွက်ပြေးကြသူများကို နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်စာအုပ်ဖြင့် ၀င်ရောက်ခွင့်မပြုပဲ တရုတ်မှတ်ပုံတင် ရှိမှသာ ၀င်ရောက်ခွင့်ပြုကြောင်း သိရပါတယ်။
KIA မှ ဗုံးထောင်ဖောက်ခွဲမှုများနှင့် သတ်ဖြတ်နေမှုများကြောင့် အပြစ်မဲ့သူများထိခိုက် သေဆုံး ခဲ့ကြပြီး ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသောတိုက်ပွဲများကြောင့် ဒေသခံများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရပြီး ဒုက္ခသည်အဖြစ်သို့ရောက်ရှိခဲ့ကြရပါတယ်။
အစိုးရငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KIO/KIA တို့ဟာ ၇ ကြိမ်တိုင်ဆွေးနွေးခဲ့ကြရာတွင် စစ်ရေးအရှိန်လျော့ချရန် ဆွေးနွေးခဲ့ပေမဲ့လည်း KIA အဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များနှင့် စစ်ရေး တိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်ခဲ့ကြောင်း စစ်ရေးလေ့လာသူများမှ သုံးသပ်ကြပါတယ်။

No comments:

Post a Comment