ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, April 30, 2012

အစိုးရနယ်ခြားစောင့်တပ်ကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေတဲ့ KIA အဖွဲ့ အကျအဆုံးများနှင့် ဆုတ်ခွာ


၂၉ ဧပြီလ ၂၀၁၂
          ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဗဟိုမှ စစ်ဦးစီးဌာနများတာဝန်ခံ ခေါင်လွမ်း နဲ့ KIA တပ်ဖွဲ့ဝင် ၄၀၀ တို့ဟာ အစိုးရနယ်ခြားစောင့်တပ်(လုပီ)ကို ဧပြီလ ၂၇ ရက်နေ့ မှစတင်ပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ KIA မှ ပန်ဝါမြို့တိုက်ခိုက်ရေးစီမံချက်အရ လုပီနယ်ခြားစောင့် တပ်ကို နှစ်ရက်ကြာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကျအဆုံး များလာခဲ့တဲ့ အတွက် ပြန်လည်ဆုတ်ခွာထွက်ပြေးခဲ့ကြပါတယ်။ တိုက်ပွဲဖြစ်ပွားနေစဉ်မှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများပြင်းထန်ခဲ့ကြပြီး KIA တပ်ဖွဲ့ဝင် ၅၀ ကျော်ကျဆုံးခဲ့သူများနှင့် ဒဏ်ရာရရှိသူလဲအများအပြားရှိပါ တယ်။

          KIA မှ လုပီနယ်ခြားစောင့်တပ်ကို တိုက်ခိုက်တာနဲ့ ပက်သက်ပြီး လုပီဒေသခံ တစ်ဦးမှ လည်းပြောပြပါတယ်။ “KIA က လုပီစခန်းကိုလာတိုက်နေတာ နှစ်ရက်လောက်ကြာနေပြီ နေ့ရောညရော ပစ်ခတ်သံတွေကြားနေရတယ် ဒီနေ့နေ့လယ်လောက်ကစပြီး အသံတွေမကြားတော့ဘူး KIA ဘက်ကပြန်ဆုတ် သွား တယ်လို့ပြောတယ် KIA ကသေနေတဲ့အလောင်းတွေကလည်း တော်တော်များများတယ် အယောက် ၅၀ ကျော်လောက်တော့ရှိမယ် တစ်ခုထူးခြားတာက သေဆုံးနေသူ KIA ၀တ်စုံနဲ့သူတော်တော်များများက ကချင်မဟုတ်ပဲ အကုန်လုံးနီးပါး ရှမ်းလူမျိုးတွေ ဖြစ်နေတယ်” လို့ မျက်မြင်တွေ့ရှိခဲ့သူ လုပီမှ ဦးဇော်နောင်က ဆက်သွယ်ပြောကြားလာပါတယ်။
          လုပီစခန်းကို အင်အားသုံးတိုက်ခိုက်တဲ့အပြင် ပန်ဝါမြို့သိမ်းရေးအစီအစဉ်အရ မြို့တွင်းသို့ KIA မှ လက်နက်ကြီးများနဲ့ ပစ်ခတ်ခဲ့လို့ ပန်ဝါမြို့စာသင်ကျောင်းအပါအ၀င် လူနေအိမ်အများအပြား လက်နက်ကြီး ထိမှန်ပျက်ဆီးခဲ့ရပါတယ်။ ပန်ဝါမြို့သူမြို့သူများမှာ တရုတ်နယ်စပ်မှ တရုတ်ပြည်ဘက် သို့ထွက် ပြေးခဲ့ပါတယ်။ နယ်စပ်မှတရုတ်ရဲများမှလည်း တရုတ်ပြည်ထဲကို  အ၀င်မခံလို့ ကိုယ့်အိမ်ကိုလည်း မပြန်ရဲကြပဲ ဒုက္ခရောက်ကြ ရပါတယ်။
          KIA မှ အင်အားနည်းတဲ့ နယ်ခြားစောင့်တပ်လုပီကို အင်အားအလုံးအရင်းနဲ့တိုက်ပေမဲ့လည်း  အကျ အဆုံးများများနဲ့ ဆုတ်ခွာရခြင်းဟာ KIA လက်အောက်စစ်သားများမှ စစ်တိုက်လိုခြင်းမရှိတော့တာကို သတိမထားမိပဲ အတင်းအဓမ္မအမိန့်ပေးခိုင်းစေနေခြင်းကြောင့် အကျအဆုံးများများနဲ့ ဆုတ်ခွာရခြင်းဖြစ်တယ်လို့ စစ်ရေးလေ့လာသူများမှ သုံးသပ်ကြပါတယ်။

          KIA မှ အစိုးရနယ်ခြားစောင့်တပ် လုပီကို တိုက်ခိုက်ခဲ့ခြင်းကြောင့် အစိုးရနယ်ခြားစောင့်တပ်မှ အနည်းငယ်သာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။  KIA တပ်ဖွဲ့ဝင်အများအပြားကျဆုံးခဲ့လို့ KIA အဖွဲ့အတွက် များစွာ ထိခိုက်ဆုံးရှုံးတဲ့ တိုက်ခိုက်မှုဖြစ်ပါတယ်။ ကျဆုံးခဲ့သူတွေမှာလည်း အတွေ့အကြုံမရှိတဲ့ တပ်သားသစ် ရှမ်းလူမျိုးများ ဖြစ်ပါတယ်။ တိုက်ပွဲကြောင့် ပန်ဝါမြို့သူ မြို့သူများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ဒုက္ခသည်အဖြစ်သို့ရောက်ရှိသွားခဲ့ပါတယ်။
          KIA မှ အစိုးရတပ်နှင့် ဖြစ်ပွားသောတိုက်ပွဲများတွင် ဆုံးရှုံးမှုများနဲ့သာ ရင်ဆိုင်နေရတဲ့အတွက် မြို့ပေါ်ပစ်မှတ်များကိုသာ အဓိကဗုံးဖောက်ခွဲတိုးမြှင့်တိုက်ခိုက်သွားမှာဖြစ်ကြောင်းသိရပါတယ်။ လုပီစခန်းကို တိုက်တဲ့ ခေါင်းဆောင် ခေါင်လွမ်းကိုတော့ တိုက်ပွဲမှာအကျအဆုံးများနဲ့ ရင်ဆိုင်ရပြီး မသိမ်းပိုက်နိုင်ခြင်းကြောင့် စစ်ခုံရုံးဖွဲ့အရေးယူရန် အမိန့်ထုတ်လိုက်ကြောင်း သိရပါတယ်။

No comments:

Post a Comment