ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, May 10, 2012

၈၈ကျောင်းသားသောင်း မင်းကိုနိုင်နဲ့ ဌေးကြွယ်တို့အား သီတဂူဆရာတော်မှ ဆုံးမသြ၀ါဒ မြွက်ကြား


၂၀၁၂ ခုနှစ်၊ မေလ ၈ ရက်နေ့ မနက် ၁၀၀၀ နာရီခန့်က လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များအသင်းနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၊ ပထမထပ်တွင် ကျင်းပသော ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ၏ စတုတ္ထကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ သီတဂူဆရာတော် ဦးဥာဏိဿရ တက်ရောက်ခဲ့ပြီး ၈၈ ကျောင်းသားများ အဖွဲ့မှ မင်းကိုနိုင်နှင့် ဌေးကြွယ်တို့လည်း တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားတွင် မင်းကိုနိုင်နှင့်ဌေးကြွယ်မှ ဆရာတော် အားကန်တော့ပြီး နှုတ်ဆက်စကားပြောကြားရာ ဆရာတော်မှ ပါတီအသီးသီးရှိ ဗဟို အလုပ်မှုဆောင်များကိုခေါ်ယူပြီး ရှေ့ဆက်လုပ်ဆောင်သွားမည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး ကိစ္စရပ်များနှင့် ပတ်သတ်ပြီး ပြောဆိုဆွေးနွေးရန်အတွက် ပြင်ဆင်နေကြောင်းနှင့် အလုပ်တစ်ခုအားယုံကြည်လုပ်ဆောင်ရာတွင် နောက်မဆုတ်ပဲ လုပ်ဆောင်သွားရန်လိုကြောင်း ဆုံးမစကား ပြောကြားခဲ့ပါတယ်။


ဆရာတော်မှ မင်းကိုနိုင်အား အဖွဲ့အစည်းအဖြစ်ဆောင်ရွက်ရာတွင် ငွေကြေး ကိစ္စများ လည်းပါဝင်ကြောင်း၊ ၈၈ ကျောင်းသားအဖွဲ့တွင် ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများမှ ထောက်ပံ့သော ငွေကြေးများကို စီမံခန့်ခွဲရာတွင် မင်းကိုနိုင်နှင့် ကိုကိုကြီးတို့မှသာ ဆောင်ရွက်နေကြောင်း၊ အလှူခံ ရရှိသော ငွေများအား စာရင်းမရှင်းနိုင်သဖြင့် ၈၈ ကျောင်းသားများကြားတွင် သဘောကွဲလွဲမှုများ ရှိနေတယ်လို့ ကြားသိရကြောင်း၊ အလှူငွေများအား တတ်နိုင်သမျှ ကိုယ်ကျိုးမသုံးစွဲရန် လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။ မင်းကိုနိုင်မှ အလှူငွေများအား အကျိုးရှိသော နေရာများတွင်သာ အများဆုံး သုံးစွဲခဲ့ကြောင်း။ စာရင်းများလည်း ရှင်းရန်ပြင်ဆင်နေကြောင်း ပြောကြားခဲ့ပါတယ်။ ဆရာတော်မှ ကံငါးပါးကို လုံအောင်ထိန်းဖို့ လိုအပ်ကြောင်း၊ ယခုကြားရသော သတင်းများအရ မင်းကိုနိုင်သည် အဒိန္နာဒါနာနဲ့ မုသာဝါဒ အပြင် သူရာမေရယကိုပါ မစောင့်ထိန်းကြောင်း ၈၈ ကျောင်းသားများအကြားမှာ ပြောနေကြတယ်။ ဒါကြောင့် မုသာဝါဒနဲ့ သူရာမေရယကို မစောင့်ထိန်းနိုင်လဲ အဒိန္နဒါနာကို စောင့်ထိန်းပါလို့ ပြောကြားခဲ့ပါတယ်။ မင်းကိုနိုင်မှ အရက်ကို ညဘက်အလုပ်တွေပြီးမှ သောက်တာဖြစ်ပါတယ်။ အလုပ်ကိုထိခိုက်အောင်တော့ မသောက်ပါဘူးလို့ ပြန်လည်လျှောက်တင်ခဲ့ပါတယ်။
ဆရာတော်မှ ဌေးကြွယ်အား ဒကာကြီးရော သူများသားမယားနှင့်အတူ တခန်းတည်းမှာ အတူတူအိပ်ခဲ့ပြီး ကာမေသုမိစ္ဆာစာရာကံကို ကျူးလွန်တာမလား။ ဘုရားဟောတရားမှာပါတဲ့ ဒု-သ-န-သော ကနေ တစ်ယောက်တိုးလာပြီး ဒု-သ-န-သော-ကြွယ်ဆိုပြီး တိုးလာတော့မယ်။ ဒါကြောင့် သူများသားမယားကို မပစ်မှားပါနဲ့။ အကုသိုလ်ဆိုတာ ချက်ခြင်း အကျိုးပေးတတ်ပါတယ်။ ဌေးကြွယ်မှ သူကျူးလွန်မိတာမှားကြောင်း နောက်ဆင်ခြင်ပါ့မယ် လို့ ဘုန်းကြီးကို လျှောက်တင်ခဲ့ပါတယ်။ ဆရာတော်မှ မသန်စွမ်းသူများကို ၃ သိန်း၊ ရွှေည၀ါဆရာတော်မှ ၂ သိန်းလှူဒါန်းခဲ့သော်လည်း ကလေးတွေကို မြင်၍့ ဆရာတော်မှ သနားစိတ်ဖြင့် သိန်း ၁၀၀ ထမ်မံ လှူဒါန်းရန်အတွက်ေ၇ွှမင်းသားမှ တာဝန်ရှိသူများကို ကျောင်းတွင် ပိုက်ဆံလိုက်ယူရန်ပြောကြားပြီး ထွက်ခွာ သွားခဲ့ပါတယ်။

No comments:

Post a Comment